BBC navigation

မွတ်ဆလင်တွေ အသတ်မခံရကြောင်း အစိုးရပြော

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2014 - 16:29 GMT

မွတ်ဆလင်တွေ သတ်ဖြတ်ခံ ရတယ် ဆိုတဲ့ အထောက် အထားတွေ မတွေ့ရ

ရခိုင် ပြည်နယ် မောင်းတော မြို့နယ် ဒူချီ ရာတန်း ကျေးရွာမှာ ဇန်နဝါရီလ ၁၃ ရက် နေ့က မွတ်ဆလင် ၄၀ လောက် အသတ် ခံရတယ် ဆိုတဲ့ သတင်းတွေ ဟာ အခြေ အမြစ် မရှိကြောင်း မြန်မာ အာဏာပိုင် တွေက ပြောကြားလိုက် ပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာန ကနေ ဦးဆောင်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် တွေနဲ့ နိုင်ငံခြား သံရုံး တွေက သံတမန် တွေကို ရန်ကုန် မှာ ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မွတ်ဆလင်တွေ အစုလိုက် သတ်ဖြတ်ခံ ရတယ် ဆိုတဲ့ အနီး တစ်ဝိုက် နေရာ တွေကို သွားရောက် စုံစမ်း စစ်ဆေး ခဲ့တာ ဖြစ်ပြီး၊ အဲဒီလို သတ် ဖြတ်ခံ ရတယ် ဆိုတဲ့ အထောက် အထားတွေ မတွေ့ရဘူး လို့ အစိုးရဘက် အခိုင် အမာ ပြောကြား ပါတယ်။

အင်တာနက်မှာ ဖော်ပြ ခဲ့တဲ့ သတင်းတွေ အရလည်း အစိုးရ တာဝန်ရှိ သူတွေရော ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က တာဝန်ရှိ သူတွေပါ လိုက်လံ ခြေရာ ခံပြီး စုံစမ်း မှုတွေ လုပ်ခဲ့ တာ ဖြစ်ပြီး၊ အဲဒီ နေရာက လူတွေနဲ့လည်း တွေဆုံမေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲ ရေးဝန် ကြီး ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုရင် အသတ်ခံရပြီး ပျောက်ဆုံး နေသူတွေကို သိရင် တိတိ ကျကျ ပြောပြပြီး၊ သက်သေ အထောက် အထားတွေ ရှိရင်ထုတ်ပြ ကြပါလို့လည်း ရှင်းလင်းပွဲမှာ ပြောကြားသွား ပါတယ်။

ကုလသမဂ္ဂ ဘက်ကလည်း အခုလို မွတ်ဆလင်တွေ သတ် ဖြတ်ခံ ရတယ် ဆိုတဲ့ သတင်းတွေ အပေါ် သူတို့ ကိုယ်တိုင်လည်း သံသယတွေ ရှိနေ တယ်ဆိုတာ မျိုး ပြောသွား ပါတယ်။

အမေရိကန် သံအမတ် ဒဲရစ် မစ်ချယ် ကတော့ နိုင်ငံ တကာ စုံစမ်း စစ်ရေး ကိုယ်စား လှယ်တွေ လွှတ်ဖို့ ပြောကြားရာ၊ ဒါဟာ မြန်မာ နိုင်ငံ ရဲ့ ပြည်တွင်းရေး သာ ဖြစ်တဲ့ အတွက် လက်မခံ နိုင်ဘူးလို့ နိုင်ငံ ခြားရေး ဝန်ကြီးက ငြင်းပယ် လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။