တပြည်လုံးအပစ်ရပ်ဖို့ တိုင်းရင်းသားတွေ သဘောတူ

  • 25 ဇန်နဝါရီ 2014
၅ ရက်ကြာ အကြိတ် အနယ် ဆွေးနွေးခဲ့ ကြပြီး၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သ ဘောတူ ညီချက် ၆ ချက် ရရှိ

တပြည်လုံး အပစ် အခတ် ရပ်စဲရေး အတွက်၊ ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် လောခီးလာ မှာ ပြုလုပ်တဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံက ထွက်ပေါ် လာတဲ့ ဆုံး ဖြတ်ချက် တွေကို စနေနေ့က လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။

၅ ရက်ကြာ အကြိတ် အနယ် ဆွေးနွေးခဲ့ ကြပြီး၊ ရလာတဲ့ တပြည်လုံး အပစ် အခတ် ရပ်စဲ ရေးဘုံ သ ဘောတူညီချက် ၆ ချက်ကို၊ ညီလာခံ တက်ရောက်တဲ့ အဖွဲ့ ၁၇ ဖွဲ့ ထဲက RCSS ရှမ်းပြည်တောင် ပိုင်းတပ်မတော် မပါပဲ၊ ၁၆ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ပါတယ်။

လက်မှတ် ရေးထိုးရာမှာ ညီလာခံ တက်တဲ့ အဖွဲ့ တဖွဲ့ မပါ သလို၊ ညီလာခံကို မတက်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့နဲ့ မိုင်းလား အဖွဲ့ အပါ အဝင် လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေ ကလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စား လှယ် အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ က ဘားအံပွဲ မှာတော့ လက်မှတ်ထိုးဖို့ ကျန်နေ သေးတဲ့ အဖွဲ့တွေ ပါလာ နိုင်တဲ့ အနေ အထား ရှိကြောင်းနဲ့၊ သူတို့ အတူပါလာ နိုင်ရေး တွဲခေါ်မှာ ဖြစ်တယ် လို့ ဘီဘီစီကို ပြောပါတယ်။

တပြည်လုံး အပစ် အခတ် ရပ်စဲရေး ဘုံ သဘောတူညီချက်တွေကို ညီလာခံက တရားဝင် အသေးစိတ် မထုတ်ပြန် ပေမယ့်၊ နှစ်ဘက် တပ်တွေ ထားရ မယ့် ကျင့်ဝတ်၊ နှစ်ဘက် အကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ ကြား ကာလမှာ စစ်ပွဲတွေ ရပ်နေအောင် ဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင် တယ်လို့ သိရပါတယ်။

ဒီ သဘောတူ ညီချက်တွေ ဟာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ညှိုနှိုင်းထားတဲ့ အချက်တွေ နဲ့လည်း အတော် နီးစပ်တယ်လို့ NCCT အဖွဲ့ဝင် တွေက ဆိုပါတယ်။

အခု တိုင်းရင်းသားတွေ ဘက်က သဘောတူ ခဲ့တဲ့ အချက်တွေကို အစိုးရ ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး ရင်တော့၊ ဘားအံမှာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံပြီး တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့ ရှိတယ်လို့ NCCT အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ