ဘီဘီစီအစီအစဉ်တွေကို ရွှေ FM မှာ နားဆင်နိုင်ပြီ

  • 21 ဇန်နဝါရီ 2014
Shwe FM Logo
ရွှေ FM က ဘီဘီစီ မြန်မာပိုင်းနဲ့ အတူ အစီအစဉ်တွေ ပူးတွဲ ဖြန့်ချိသူ ဖြစ်လာ

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်ချက် တွေကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပြီး ပြည်တွင်းမှာ ထုတ်လွှင့်တဲ့ ရွှေ FM ရေဒီယိုမှာ နားဆင် နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီ က ထုတ်လွှင့်နေတဲ့ English At Work လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ အစီအစဉ်ကို ရွှေ FM က အပတ်စဉ် ထုတ်လွှင့် ပေးမှာပါ။

ရွှေ FM နဲ့ ဘီဘီစီ အခုလို ပထမဆုံး အကြိမ် ပူးတွဲ တင်ဆက်နိုင်တဲ့ အတွက် ကျေနပ် ဝမ်းသာ မိကြောင်း ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက် လောဝ်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေက လည်း ဘီဘီစီ အစီအစဉ် တွေကို မြန်မာ ပြည်သူတွေကြား ကျယ်ကျယ် ပြန့်ပြန် ရောက်နိုင်ဖို့ ကြိုးစား နေချိန်မှာ ပရိတ်သတ် အင်အား ကောင်းတဲ့ ရွှေ FM ကနေ ဘီဘီစီ အစီအစဉ်ကို ထုတ်လွှင့်ခွင့် ရတဲ့ အတွက် ဘီဘီစီ ရဲ့ ဆန္ဒ ပြည့်ဝ သွားပါတယ်လို့ ပြောပါတယ်။

ပထမဆုံး ထုတ်လွှင့်တဲ့ အစီအစဉ်က အင်္ဂလိပ်စာ ပို့ချချက် ဖြစ်လို့ လူငယ်တွေကြား အကျိုးရှိမယ့် အတွက် ပိုမို ဝမ်းသာ မိတယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီကနေ့ အခြေ အနေမှာ အင်္ဂလိပ်စာ လေ့လာဖို့ အထူး လိုအပ်နေတာကြောင့် လူငယ်တွေကို သိစေ တတ်စေချင်တယ် လို့ ရွှေ FM ဥက္ကဌ ဒေါ်နန်းမောက် လောဝ်ဆိုင်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည် အတွက် အကျိုး ဖြစ်ထွန်းမယ် ဆိုရင် ဘီဘီစီရဲ့ အစီအစဉ် တွေကို နောင်မှာ တိုးချဲ့ ထုတ်လွှင့် သွားဖို့ အစီအစဉ် ရှိတယ်လို့ သူက ပြောပါတယ်။

ရွှေ FM ပရိတ်သတ်တွေ အတွက် အစီအစဉ် အမျိုးမျိုးကို အကောင်းဆုံး တင်ဆက် ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ လည်း ဒေါ်နန်းမောက် လောဝ်ဆိုင်းက ပြောပါတယ်။

၅ မိနစ်စာ အင်္ဂလိပ်စာ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ည ၇ နာရီခွဲနဲ့ ကြာသပတေးနေ့ မနက် ၈ နာရီ တို့မှာ ရွှေ FM က ထုတ်လွှင့် ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ