BBC navigation

မြန်မာ့ လူ့အခွင့်အရေး အစီရင်ခံစာ HRW ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2014 - 15:55 GMT

အမေရိကန်ရဲ့ လူ့အခွင့်အရေး ထိခိုက်တဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေကိုလည်း HRW အစီရင်ခံစာမှာ ဖော်ပြထား

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ၂၀၁၃ ခုနှစ်မှာ တိုးတက်မှု ရှိခဲ့ပေမယ့် မွတ်ဆလင်တွေ အပေါ် အကြမ်းဖက်မှုတွေနဲ့ ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အပိုင်းမှာ လည်း ကြံကြာမှုတွေ ရှိခဲ့တာကြောင့် မှတ်တမ်းတွေကို ထိခိုက်မှုတွေ ပြန်ဖြစ်စေ ခဲ့တယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၁၄ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပျံ့နှံ့ ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ပဋိပက္ခတွေကို အစိုးရ အနေနဲ့ ကာကွယ် တားဆီးဖို့နဲ့ ရပ်တန့်သွားအောင် လုပ်ဆောင်မှုတွေဟာ လုံလောက်မှု မရှိခဲ့ဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေမှာလည်း အာဏာပိုင်တွေပါ ပါဝင်နေပြီး အခုထက်ထိ ဆက်လက် ရှိနေတုန်းပဲလို့ ဆိုပါတယ်။

၂၀၁၃ နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံရေး အကျဉ်းသား ရာနဲ့ချီပြီး ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေကြာင့် ခန့်မှန်းခြေ အရပ်သား ၁ သိန်းလောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။