BBC navigation

သံဃာ့ လှုပ်ရှားမှု ရှေ့ရေး ဘယ်လို ရှိမလဲ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2014 - 14:59 GMT
win tin

သံဃာတွေ နည်းလမ်း ဘောင်ထဲက မကျော်စေလို

မနေ့က မန္တလေးမြို့က အတုမရှိ ကျောင်းတော် ကြီးမှာ သံဃာတော် ထောင်ချီ တက်ရောက်တဲ့ အစည်းအဝေးကြီး ကနေပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဖွဲ့စည်း ခဲ့ပါတယ်။

နိုင်ငံရေးမှာ သံဃာ ပါဝင်ပတ်သက်မှုက နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု တွေ ထဲက ရှိခဲ့ပေမယ့် ခုလို လှုပ်ရှားမှုက ရည်ရွယ်ချက်နဲ့ တဘက်သတ် ဖိအားပေး တဲ့ သဘောဆောင်တယ်လို့ မန္တလေးမြို့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ NLD သဘာပတိဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင် က ယူဆပါတယ်။

ဒီလို ဖိအားပေးမှု မျိုးက ဖိနှိပ်မှု တွေဘက် ရွေ့လျား သွားနိုင်တဲ့ အတွက် ပြည်သူ အများစု လိုလားချက်ကို သံဃာတွေက လျစ်လျူ မရှုသင့်ဘူး လို့လည်း သူက ပြောပါတယ်။

သံဃာတွေ ဘက်က လိုလားချက် တွေကို နည်းလမ်း ဘောင်တွေ ထဲကသာ တင်ပြပါလို့ ဦးဝင်းတင်က မေတ္တာ ရပ်ခံ လျှောက်ထား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။