တွံတေးက ကျူးကျော် တဲတွေကို အာဏာပိုင်တွေ ဖျက်

  • 14 ဇန်နဝါရီ 2014

ရန်ကုန် လှိုင်သာယာ စက်မှုဇုန် အနီး တွံတေးမြို့ ပန်းလှိုင် တံတားအောက် ကနေ တမံကြီး ကျေးရွာ အထိ မြေနုကျွန်း လယ်ယာ မြေနဲ့ လမ်းဘေး ဝဲယာ တလျှောက် မှာ လာရောက် နေထိုင်တဲ့ ကျူးကျော် တဲတွေကို တွံတေး မြို့နယ် အုပ်ချုပ်ရေး မှူးရုံးနဲ့ အစိုးရ ဘက်က ဖျက်ခဲ့ကြ ပါတယ်။

ဒီတဲတွေကို ဖယ်ရှား ပေးဖို့ မြို့နယ် အုပ်ချုပ်ရေး ရုံးက တောင်းဆို တာကို ကျူးကျော် နေသူ တွေက လိုက်နာမှု မရှိခဲ့ကြောင်း နဲ့ ကျူးကျော်တဲ(၂)ထောင် ကျော် စလုံးကို ဖျက်ဖို့ စီစဉ်ထား တယ်လို့ တွံတေး ရဲစခန်းက ဒုရဲအုပ် နေလင်းထိုက် က ပြောပါတယ်။

ကျူးကျော် တဲမှာ နေထိုင်တဲ့ ဦးစိုးဝင်း ကတော့ အဖျက်ခံ ရတဲ့ အထဲမှာ ဒီတဲတွေနဲ့ အတူ ဆောက်လုပ် ထားတဲ့ ဘုန်းကြီးကျောင်း တွေလည်း ပါတယ်လို့ ပြောပါ တယ်။

ဒီလူတွေ အများစုဟာ လှိုင်သာယာ စက်မှုဇုန်နဲ့ မလွတ် ကင်းတဲ့ ကျူးကျော် ရပ်ကွက်တွေက ပြောင်းလာကြ သူတွေ ဖြစ်ပါတယ်။ သူတို့ တွေဟာ ဒီဇင်ဘာ လ(၁)ရက်နေ့ ကတည်းက ပန်းလှိုင် တံတားအောက် ကားလမ်းမ ဝဲယာ လမ်းဘေး တလျှောက်မှာ အလုံး အရင်းနဲ့ တဲထိုးပြီး နေနေ ကြတယ်လို့ တွံတေး ရဲစခန်း က ပြောပါတယ်။

လတ်တလော အဖျက်ခံ လိုက်ရတဲ့ တဲတွေမှာ နေထိုင် သူတွေ ကတော့ သူတို့မှာ သွားစရာ နေရာလည်း မရှိသေး တာကြောင့် ဒီနား တဝိုက်မှာ ဆက်နေ မယ်လို့ ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ