တွံ့တေးကျူးကျော်တဲ ဖျက်ရာမှာ ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

  • 15 ဇန်နဝါရီ 2014
မြန်မာ ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်

တွံတေးမြို့ ပန်းလှိုင် တံတားအောက် က မြေနုကျွန်း လယ်ယာမြေနဲ့ လမ်းဘေး ဝဲယာတလျှောက် ကျူးကျော်တဲတွေကို အစိုးရဘက်က ဖျက်ပစ်နေရာမှာ ကျူးကျော်နေသူတွေနဲ့ ရဲတွေအကြား ရုန်းရင်း ဆန်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အခုခါမှာတော့ တွံတေးမြို့နယ် တလျှောက်မှာရှိတဲ့ ကျူးကျော်တဲတွေ အကုန်လုံးကို မြို့နယ် အုပ်ချုပ်ရေးရုံးက ဦးဆောင်ပြီး ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဖျက်နေတုန်း အချိန်မှာ ရဲ၀န်ထမ်းတွေနဲ့ ကျူးကျော်နေသူတွေအကြား အပြန်အလှန်ရိုက်နှက်မှုတွေ ရှိခဲ့ပြီး ကျူးကျော်နေသူတချို့ကိုလည်း ရဲတွေက ဖမ်းဆီးထားပါတယ်။

ကျူးကျော်တဲမှာ နေထိုင်သူ တစ်ဦးကတော့ ရဲတွေက အရင်၀င်ရိုက်လို့ သူတို့ဘက်က ပြန်လည် ခုခံရတာလို့ ပြောပါတယ်။

တွံတေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဟန် ကတော့ ဖမ်းဆီးတာကို သူ့အနေနဲ့ မသိရှိဘူးလို့ ဆိုပါတယ်။

ကျူးကျော်တဲတွေ အခုလိုဆောက်လုပ်တာဟာ တရားမ၀င်တာကြောင့် ဒါတွေကို ဦးစီးဦးဆောင် လုပ်သူကိုလည်း အမှုဖွင့်ထားတယ်လို့ ဦးသိန်းဇော်ဟန် ကပြောပါတယ်။

အခုလို ကျူးကျော်တွေကို ဖယ်ရှားတဲ့အခါမှာ ဒီထဲက အချို့တဲတွေမှာ မှာ လူနေထိုင်တာ ကိုတောင် မတွေ့ခဲ့ရဘူးလို့ ဦးသိန်းဇော်ဟန် က ဆက်လက် ပြောပြပါတယ်။

လွန်ခဲ့တဲ့ (၁)လကျော်လောက်ကမှ ရောက်ရှိလာတဲ့ ကျူးကျော်နေသူတွေဟာ လှိုင်သာယာနဲ့ သာကေတ ဘက်က ပြောင်းလာသူတွေဖြစ်ပီး သူတို့တွေဟာ သွားစရာနေရာ မရှိဘူးဆိုရင် အရင်နေခဲ့တဲ့ မူလနေရပ်ကိုဘဲ ပြန်သင့်တယ်လို့ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဟန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ