မြန်မာ ငြိမ်းစင်တာ စီစဉ်တဲ့ ချင်းမိုင် ဆွေးနွေးပွဲ

  • 22 နိုဝင်ဘာ 2013
MPC မြန်မာ ငြိမ်းချမ်းရေး စင်တာက အဖွဲ့တွေ လန်ဒန်ကို ရောက်တုန်းက အမှတ်တရ ဓါတ်ပုံ

ပြည်တွင်းက နိုင်ငံရေး ပါတီ ၁၁ခုနဲ့ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင် ဆွေးနွေး နေကြပါတယ်။

ဒါဟာ နိုင်ငံရေး ပါတီတွေနဲ့ နယ်စပ်က တော်လှန်ရေး အင်အားစုတွေ အကြားမှာ ပထမဆုံး အကြိမ် တွေ့ဆုံတဲ့ ပွဲဖြစ်ပါတယ်။

UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ ဆွေးနွေးဖို့ သဘောတူUNFC နဲ့ ငြိမ်းချမ်းရေး ကော်မတီ ညှိနှိုင်း နိုင်ငံရေး ပါတီ ၁၂ ပါတီထဲမှာ ရှမ်း၊ ချင်း၊ ရခိုင်အစရှိတဲ့ တိုင်းရင်းသားပါတီတွေ၊ အဲန်အယ်လ်ဒီ၊ အဲန်ဒီအက်ဖ်၊ ဒီမိုကရက်ပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

နယ်စပ် တော်လှန်ရေး အဖွဲ့တွေ ကတော့ လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ စုစည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အစရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို ကတော့ ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ အခါ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ဆွေးနွေးသွားမှာ ဖြစ်ပြီး ငြိမ်းချမ်းရေး စကားပြောနေချိန်မှာ ကချင်မှာ စစ်ဖြစ်နေလို့ ပြည်သူ နှစ်ထောင်လောက် ထွက်ပြေး နေရတာကို ထောက်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေးကို ခုတုံးလုပ်ပြီး လူမျိုးရေး အဓိကရုန်း ဖြစ်နေတာကိုလည်း တင်ပြ ဆွေးနွေးကာ ဒါတွေကို ပပျောက်အောင် ဘယ်လို လုပ်ဆောင်ကြမလဲ နှစ်ဖက် ခေါင်းဆောင်တွေ စဉ်ဆက် မပြတ် လုပ်ဖို့ အချက်တွေ သူတို့ အနေနဲ့ သတိထား သင့်တာတွေကို ထောက်ပြတဲ့ အနေအထား ဖြစ်တာအောင် ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။

နောက်ပြီး အမျိုးသမီး အဖွဲ့အစည်းတွေကိုလည်း အသိအမှတ် ပြုဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခု တွေ့ဆုံပွဲဟာ အကြောင်းအရာ တခုခုကို အဖြေရှာတာမျိုး မဟုတ်ပဲ မိတ်ဆုံ ပွဲတခုပဲ ဖြစ်မယ်လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဒီဆွေးနွေးပွဲက ရလဒ် ရဖို့ မမျှော်လင့်ဘဲ အပြန်အလှန် ပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပြန်အလှန် အတွင်းအပြင် ညှိနှိုင်းကြတာလို့ ယူဆနိုင်ကြောင်း ၊ ခုအဖွဲ့တွေကို ဦးအောင်မင်းက လွှတ်လိုက်တာ ဆိုတော့ ဘာသဘော ဘာရည်ရွယ်ချက်လဲ ဆိုတာ အဲဒီ အဖွဲ့တွေနဲ့ တွေ့မှသာ သိနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ အဖွဲ့တွေနဲ့ တွေ့ဆုံမှသာ ဘာတွေ ညှိနှိုင်းရမလဲ ဆိုတာ သိနိုင်မယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းက နိုင်ငံရေး ပါတီတွေ ဆိုရင် အရင်တုန်းက UNA လောက်ကိုသာ တွေ့ဖူးတာ ဆိုတော့ အခုလို အပြန်အလှန် ဖလှယ်ခွင့်ရတဲ့ အပေါ် ဝမ်းသာမိကြောင်းကိုလည်း သူက ရှင်းပြခဲ့ပါတယ်။