တိုင်းရင်းသား အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံမယ်

  • 19 နိုဝင်ဘာ 2013
ssa_knu-peace_talk
တိုင်းရင်းသားတွေနဲ့ ပါတီတွေလည်း တွေ့ဆုံ ကြဦးမယ်။

ပြည်တွင်းက နိုင်ငံရေး ပါတီ ၁၂ ခုနဲ့ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ချင်းမိုင်မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံကြဖို့ ရှိပါတယ်။

ဒါဟာ နိုင်ငံရေး ပါတီတွေနဲ့ နယ်စပ်က တော်လှန်ရေး အင်အားစုတွေ အကြားမှာ ပထမဆုံး အကြိမ် တွေ့ဆုံတဲ့ ပွဲဖြစ်ပါတယ်။

နိုင်ငံရေး ပါတီ ၁၂ ပါတီထဲမှာ ရှမ်း၊ ချင်း၊ ရခိုင်အစရှိတဲ့ တိုင်းရင်းသားပါတီတွေ၊ အဲန်အယ်လ်ဒီ၊ အဲန်ဒီအက်ဖ်၊ ဒီမိုကရက်ပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

နယ်စပ် တော်လှန်ရေး အဖွဲ့တွေ ကတော့ လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ စုစည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အစရှိတဲ့ အဖွဲ့တွေဖြစ်ပြီး သောကြာနေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီတွေရဲ့ တောင်းဆိုချက်ကြောင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ် ငန်းအဖွဲ့က စီစဉ်ပေးတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး စဲန်တာက အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။

အခု တွေ့ဆုံပွဲဟာ အကြောင်းအရာ တခုခုကို အဖြေရှာတာမျိုး မဟုတ်ပဲ မိတ်ဆုံ ပွဲတခုပဲ ဖြစ်မယ်လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ