ရန်ကုန်လျှပ်စစ်ခ တက်မယ်

  • 30 အောက်တိုဘာ 2013
electricity myanmar
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန္ဒပြမှုတွေ ရှိခဲ့

လာမယ့် နိုဝင်ဘာလက စပြီး လျှပ်စစ် မီတာခ နှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ရန်ကုန် မြို့ တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ကြေညာ ပါတယ်။

လျှပ် စစ် စွမ်း အား ဝန် ကြီးဌာန အောက်က ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ကြေညာ တာဖြစ် လို့ မြန်မာ တ နိုင်ငံ လုံး ဒီနှုန်း တွေ နဲ့ တပြေး ညီ ကောက် ခံ ဖို့ ရှိနေပါတယ်။

အင်္ဂါ နေ့ က ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာ ချက် မှာ တော့ ဒီ လို မီတာ ခ ဈေးနှုန်း တွေ တက် ရတာဟာ ထုတ်လုပ်မှု ကုန်ကျ မှုစရိတ် တွေ နဲ့ ဓာတ်အား ဝယ်ယူမှု ကုန် ကျစရိတ် တွေ တက် နိုင်သမျှ ကာမိစေဖို့ တက်တာ လို့ တွေ့ ရပါ တယ်။

ဒါပေ မဲ့ ဈေးတက် ရ တဲ့ တခြား အကြောင်း အသေး စိတ် တွေ ကို ရှင်းပြ တာ မတွေ့ ရဘဲ ၂ ရက် လောက် ကပ် ပြီးတော့ အစိုး ရ သတင်း စာ က ထုတ် ပြန်တဲ့ အတွက် အများစု အဆင်မပြေ ဖြစ် ကြရပါတယ်။

ရန်ကုန် စက် မှု လုပ် ငန်းရှင်တွေ အခက် အခဲ ဖြစ်ရတယ်လို့ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥ က္က ဋ္ဌ ဦးမြတ်သင်းအောင် က ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ လျှပ်စစ် ဓာတ်အား သုံးစွဲ နိုင်မှု လူ ၁ဝဝ မှာ ၃ဝ လောက် ရှိ တယ် ဆို ပေ မယ့် လျှပ်စစ် ဟာ အခြေခံ ကုန်ထုတ် လုပ် ငန်း တွေ အပြင် အများဆိုင် လုပ် ငန်း တွေ မှာ မသုံး မနေရ သုံးစွဲ နေရ ပါတယ် ။

ဒါ ကြောင့် ဒီလို ဈေးတက် တာဟာ လူ တွေ ကို ဝန် ထုပ် ဝန်ပိုး ဖြစ် စေတယ် လို့ အင်းစိန် သီရိစန္ဒာ ဆေးခန်း အုပ်ချုပ် မှု ဒါ ရိုက် တာ ဦးမောင်မောင်တင် က ပြော ပါတယ်။

ပြီး ခဲ့ တဲ့ ၂ဝ၁၂ တုန်းကလည်း ဓာက်အားခ ၂ ဆ နီး ပါး တက် ခဲ့ ပြီး ခု နှုန်းထားသစ် တွေအရ အိမ်သုံး မီတာတွေမှာ ယူနစ် ၁၀ဝ နဲ့ အထက် သုံးစွဲမှု အတွက် တယူနစ်ကို ကျပ် ၅ဝ နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။

စက်မှုလုပ်ငန်း သုံးစွဲ မှုကိုတော့ ယူနစ် ၅ဝဝဝ နဲ့ အထက် တယူနစ်ကို ကျပ် ၁၅ဝ အထိ ကောက်ခံမယ် လို့ ကြေညာ ချက်မှာ ဖော်ပြပါတယ် ။

အခြေခံ လိုအပ်ချက် ဖြစ် တဲ့ လူတိုင်းလျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ဖို့ အပြည့် ဝန်ဆောင် မှု မပေး နိုင်ခင် ဈေးတွေ တက် လာနေတာ ကို စိတ် ပျက်လက် ပျက် ဖြစ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ