BBC navigation

လိုင်ဇာ ညီလာခံကို သမ္မတ သဝဏ်လွှာပို့

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2013 - 13:26 GMT

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအပေါ် ဘယ်လို ချဉ်းကပ်မလဲ ဆွေးနွေးမယ်

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီ ညီလာခံ ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို ပြည်တွင်း ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်ခဲ့ပြီး တရုတ်မြန်မာ နယ်စပ် ကချင်ပြည်နယ်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင် ကျင်းပနေတာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားတွေရဲ့ ညီလာခံကို မြန်မာပြည်တွင်းမှာ ကျင်းပနိုင်ခဲ့တာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ဒီညီလာခံမှာ အစိုးရက ဖော်ဆောင်ဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအပေါ်မှာ တိုင်းရင်းသားတွေ ဘက်က ဘယ်လို ဘုံသဘော တူညီချက်မျိုးနဲ့ ချဉ်းကပ်မလဲ ဆိုတာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ညီလာခံရဲ့ ပြောခွင့်ရသူ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။