BBC navigation

အပစ် ရပ် ညီ လာ ခံ နောက်ဆုတ်

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2013 - 21:02 GMT
mpc

တ နိုင်ငံ လုံး အပစ်ရပ် သဘော တူ ညီ ချက်ရဖို့လို

အစိုးရ နဲ့ တိုင်း ရင်း သား လက် နက်ကိုင် တွေ ကြား မှာ ရေး ထိုး မယ့် တနိုင်ငံ လုံး အပစ်ရပ် ညီ လာ ခံ ရက် သတ် မှတ်ဖို့ နို ဝင် ဘာလ ၃ ရက် နဲ့ ၄ ရက် မှာ မြန်မာ အစိုးရ နဲ့ တိုင်းရင်း သား ခေါင်း ဆောင် တွေ မြစ်ကြီးနား မှာ တွေ့ပြီး ဆုံးဖြတ် ဖို့ရှိ တယ်လို့ သိရပါ တယ် ။

ဒီ လ ကုန် ကျင်းပဖို့ စီ စဉ် ထားတဲ့ တနိုင်ငံ လုံး အပစ် ရပ်စဲရေး ညီ လာ ခံ ဟာ ဆက်လက် ဆွေးနွေးစရာ တွေ ရှိလို့ နို ဝင် ဘာ လ ကုန် မှပဲ ကျင်း ပမယ်လို့ မြန် မာ ငြိမ်းချမ်းရေး စင် တာ အထူး အကြံပေး ဦးလှမောင်ရွှေ က ကြာသပတေး နေ့က ပြောကြား လိုက်ပါတယ်။

တ နိုင်ငံ လုံး အပစ်အခတ် ရပ်ရေး သဘော တူ ညီ ချက်လက် မှတ် ထိုး နိုင်မှ သာ နိုင် ငံ ရေး ဆွေးနွေးပွဲ တွေ ကို လုပ် ကိုင် နိုင်မှာ ဖြစ် တယ် လို့ ရန်ကုန်မြို့ ပန် ဒါ ဟို တယ် မှာ ကျင်းပတဲ့ ၆ ကြိမ်မြောက် အရပ်ဘက် လူအဖွဲ့ အစည်းများ ရဲ့ ငြိမ်းချမ်းရေး ဖို ရမ် မှာ ပြော ခဲ့ တာ ဖြစ် ပါ တယ်။

အခန်း ၁၅ ခန်း ပါ တဲ့ တနိုင်ငံ လုံး အဆင့် အပစ်ရပ်စဲ ရေး သဘော တူညီချက် မူ ကြမ်း ကို တော့ တိုင်း ရင်း သား ခေါင်းဆောင် တွေ လာ မယ့် အောက် တို ဘာ လကုန် မှာ လုပ် မယ့် လိုင် ဇာ ညီ လာ ခံ မှာ ဆွေးနွေး မယ် လို့ လဲ မျှော် လင့်ရပါတယ် ။

ဒီ ထဲ မှာ လွှတ် တော် ကို တင်သွင်း ပြီး ဆွေးနွေး တဲ့ အဆင့်တွေ လဲ ပါ ဝင်လာပါတယ်။

အစိုး ရ နဲ့ တိုင်း ရင်း သား လက်နက်ကိုင် အဖွဲ့တွေ ကြား မှာ လွန် ခဲ့ တဲ့ ၂ နှစ် လောက် ထဲ က စပြီး ငြိမ်းချမ်း ရေးအတွက် လက် မှတ် ရေး ထိုး နိုင်ဖို့ ကြိုးစား နေကြတာဖြစ် ပြီး အစိုး ရ ဘက် ကတော့ တနိုင်ငံ လုံးအဆင့် အပစ်ရပ်စဲ ရေး လက် မှတ် ထိုး ပြီး လွှတ် တော် ထဲ မှာ နိုင်ငံ ရေး ဆွေးနွေး ဖို့ ရည်မှန်း ထား ပါတယ်။

ဒီ လို လက် မှတ် ရေး ထိုး ပြီး ရင် နိုင်ငံ ရေး ဆွေးနွေးပွဲ တွေ ၂ဝ၁၄ မှာ ကျင်းပနိုင်ဖို့ အစိုး ရ ဘက် က မှန်း ထား ပါ တယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။