ချင်းညီလာခံ ကျင်းပရေး ပြင်ဆင်

ချင်းအမျိုးသား တပ်ဦး အပါအဝင် ချင်းလူမျိုး ညီလာခံ ကျင်းပမယ်

ချင်းလူမျိုး နိုင်ငံ ရေးပါတီ လက်နက်ကိုင် တပ်ဖွဲ့နဲ့ လူမှု အဖွဲ့အစည်းတွေ ဦးဆောင်တဲ့ ချင်းအမျိုးသား ညီလာ ခံတ ရပ် ကျင်းပ နိုင်ရေး အတွက် ချင်း ခေါင်းဆောင် တွေ စည်းဝေး ပြင်ဆင် နေကြ ပါတယ်။

လက်နက်ကိုင် အဖွဲ့အနေနဲ့ ချင်းအမျိုးသား တပ်ဦး စီအန်အက်ဖ် ပါဝင်သလို တရားဝင်မှတ်ပုံတင်ထားတဲ့ ချင်းပါတီတွေလည်း ပါဝင်ကြပါတယ်။

ချင်းလူမှု အဖွဲ့အစည်း ပေါင်စုံလည်း ပါဝင်ကြပြီး ချင်းအမျိုးသား ညီလာခံကျင်းပ ရေးအတွက် စည်းရုံးတိုင်ပင် ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

ချင်းအမျိုးသား ညီလာခံကို နိုဝင်ဘာလ အတွင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့လည်း ချင်းအမျိုးသား တပ်ဦးအဖွဲ့ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ၂ ဒေါက်တာ ရွှေခါး ကပြောပါတယ်။

ညီလာ ခံရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တိုင်းရင်းသား ပေါင်းစုံနဲ့ လက်ရှိ အစိုး ရတို့ ပြုလုပ် ကြဖို့ ရှိတဲ့ နိုင်ငံ ရေး ဆွေးနွေး ပွဲမှာ ချင်းလူမျိုး တွေရဲ့ နိုင်ငံ ရေး သဘော ထားကို စုစည်း ဖော်ထုတ် နိုင်ရေးလို့ ဆိုပါတယ်။

ဒီညီလာခံကို ဟားခါးမြို့မှာ ကျင်းပမှာ ဖြစ်ပေမယ့် နေရာ ဒေသနဲ့ ဘာသာစကား အမျိုးမျိုး ကွဲပြားနေကြတဲ့ ချင်းလူမျိုး အားလုံးကို ကိုယ်စားပြု နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာ ရွှေခါးက ဆိုပါတယ်။