၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ တာဝန် မြန်မာ လက်ခံ

  • 10 အောက်တိုဘာ 2013
သမ္မတ ဦးသိန်းစိန် အလှည့်ကျ ဥက္ကဋ္ဌနေရာကို လွှဲပြောင်း လက်ခံစဉ်။

လာမယ့်နှစ် ၂ဝ၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖို့ မြန်မာနိုင်ငံအား လွှဲပြောင်း ပေးအပ်မှုကို ဘရူနိုင်း နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးမှာ မြန်မာ သမ္မတ ဦးသိန်းစိန်က လက်ခံရယူခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တစ်ချိန် တုန်းက နိုင်ငံတကာရဲ့ ဖယ်ကြဉ်တာ ခံခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး အတွက် ပြင်ဆင်ထားမှုတွေက အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုရေစီရေး ပြောင်းလဲ လုပ်ဆောင်မှုတွေ ရှိနေပေမယ့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို ရပ်တန့်သွားအောင် အစိုးရက ဖော်ဆောင် မပေးနိုင်သေးတာ အပါအဝင် အခြား မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ ရှိနေတာကြောင့် အခုလို မြန်မာ နိုင်ငံကို အာစီယံ အဆင့်မြင့် တာဝန်တွေ ပေးအပ်တာဟာ စောလွန်းနေသေးတယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောနေကြပါတယ်။