BBC navigation

ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2013 - 14:53 GMT

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်သွားမယ်

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နှစ်ယောက်စလုံးက တရား မျှမျှတတ ယှဉ်ပြိုင်သွားဖို့ သဘောတူ ထားကြတယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။

သူရဦးရွှေမန်းနဲ့ အင်တာဗျူး အပိုင်း ၂

သူရဦးရွှေမန်းနဲ့ အင်တာဗျူး အပိုင်း ၂

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ခရိုနီတွေက ဆက်လက် ထိန်းချုပ်နေတာတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတွေက ထုတ်ဖော် ပြောလာတာတွေကို အစိုးရပိုင်းက တရားမျှတအောင် လုပ်ဆောင်သွားမယ်၊ လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန် သမဂ္ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။