BBC navigation

လက်ပံတောင်းတောင် ဒေသခံတွေ ဆန္ဒထပ်ပြ

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2013 - 16:33 GMT

ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြဖို့အသွား လမ်းမှာတားဆီးခဲ့တဲ့ လုံခြုံရေးတွေ

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖေါ်ရေးကော်မတီက လိုက်နာခြင်းမရှိဘဲ လုပ်ငန်းတွေဆက်လုပ်နေလို့ဆိုပြီး လက်ပံတောင်းစီမံကိန်းဧရိယာမှာပါနေတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံ ၃၀ဝ ကျော်ဟာ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ ဆက်ဆံရေးရုံး နဲ့ ဝမ်ပေါင်ကုမ္ပဏီကို သွားရောက် တောင်းဆို ဆန္ဒပြလို့ အတားအဆီးခံခဲ့ရပါတယ်။

အတားအဆီးခံခဲ့ရတဲ့ ဒေသခံတွေဟာ မြေယာလျော်ကြေးယူမထားတဲ့မြေတွေပေါ် မှာ ကုမ္ပဏီဖက်က သံဆူးကြိုးခတ်နေတာတွေရပ်ပေးဖို့၊ ဒေသခံတွေရဲ့ မြေတွေပေါ်မှာ ရဲကင်းတွေ ဆောက်ထားတာဖျက်သိမ်းပေးဖို့၊ စိုက်ပျိုးထားတဲ့ သီးနှံတွေကို မဖျက်ဆီးဖို့နဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုပြီး ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။

ညနေဘက်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ ဥက္ကဌ ဦးလှထွန်း ဒုဥက္ကဌ ဦးသာအေးတို့ နဲ့ လယ်သမားတွေ အောက်တိုဘာလ ၉ ရက်နေ့မှာ တွေ့ဆုံပြီး ဆုံးဖြတ်ချက် မချမချင်း သံဆူးကြိုးခတ်တာတွေ ရပ်ဆိုင်းပေးမယ်။ လုံခြုံရေးတွေ ရုတ်ထားပေးမယ်လို့ ညှိနှိုင်းလာတဲ့ အတွက် ထိုင်သပိတ် လှန်လိုက်ပြီလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။