BBC navigation

မြန်မာတိုင်းမ် ထုတ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းဖို့ ဒေါက်တာ တင်ထွန်းဦး လျှောက်ထား

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2013 - 16:26 GMT

အစုရှယ်ယာ ၄၉ ရာနှုန်းပိုင်တဲ့ ရော့စ် ဒန်ကလေ

မြန်မာတိုင်းမ် စာစောင်နဲ့ တခြား ဂျာနယ် ၊ မဂ္ဂဇင်းတွေ ထုတ်ဝေနေတဲ့ Myanmar Consolidated Media Co.,ltd. ကို အပြီးအပိုင် ဖျက်သိမ်းဖို့ အစုရှယ်ယာ အများစု ဖြစ်တဲ့ ၅၁ ရာနှုန်းကို ပိုင်တဲ့ ဒေါက်တာ တင်ထွန်းဦးနဲ့ ဒေါက်တာ ခင်မိုးမိုးတို့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကို ဦးတိုက် လျှောက်ထား ခဲ့ပါတယ်။

အဲဒီ ကုမ္ပဏီကို သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေနဲ့ နိုင်ငံခြား က အနည်းစု ဖြစ်တဲ့ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်တာ ဖြစ်ပြီး သူတို့က ဒီကုမ္ပဏီ ဖျက်သိမ်းမှုကို ကန့်ကွက်ခဲ့ပါတယ်။

အခုတော့ တရားရုံးက ဒီအမှုကို လက်ခံလိုက်ပြီ ဖြစ်လို့ နောက်ပိုင်းမှာ စတင် ကြားနာတော့မယ်လို့ ဒေါက်တာတင်ထွန်းဦး နဲ့ ဒေါက်တာ ခင်မိုးမိုး တို့ရဲ့ ရှေ့နေ ဦးကျော်မြင့်က ပြောပါတယ်။

ဒါ့အပြင် နောက်လ ၁ဝ ရက်ကို ရုံးချိန်း ချိန်းလိုက်တယ်လို့ အဲဒီ ရှေ့နေက ဆိုပါတယ်။

ဒေါက်တာ တင်ထွန်းဦးနဲ့ မစ္စတာ ရော့စ် ဒန်ကလေ တို့ဟာ သဘောထား မတိုက်ဆိုင်တာ ကြာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ တင်ထွန်းဦးတို့ဖက်က အစုရှယ်ယာတွေ ရောင်းမယ် ဆိုရင် အရင် အစုရှယ်ယာဝင် တွေဖြစ်တဲ့ ဦးဆန်နီဆွေ တို့က ၀ယ်လိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူးလို့ ဆိုပါတယ်။

အခုတော့ ဒေါက်တာ တင်ထွန်းဦးက တရားရုံးကို ကုမ္ပဏီ ဖျက်ဖို့ လျှောက်ထား လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာတိုင်းမ် ကို အရင် စစ်အစိုးရ လက်ထက်တုန်းက ဗိုလ်ချုပ် ခင်ညွှန့် လက်ထက်မှာ စတင် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ မြန်မာ တိုင်းမ်မှာ ဝန်ထမ်းပေါင်း ၃ဝဝ ကျော် ရှိတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။