BBC navigation

ကော့သောင်းထောင်ဆူ၊ အကျဉ်းသားတွေကို ပစ်ခတ်

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2013 - 16:08 GMT
kawthaung jail

ထောင်ဆူပူမှုကြောင့် အကျဉ်းသား တစ်ယောက်သေ

ကော့သောင်းမြို့ အကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားပြီး ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဉ်းသား တစ်ယောက်သေဆုံးပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အကျဉ်းသား ၂ ယောက် ခိုက်ရန်ဖြစ်ပွားရာမှာ ထောင်အရာရှိက ရိုက်နှက် ညှင်းပမ်းရာကနေ ထောင်ဆူပူမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အကျဉ်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုကို အကြောင်းပြုပြီး ရိုက်နှက် ညှင်းပမ်းတာကို ကျန်အကျဉ်းသားတွေက မကျေနပ်ရာကနေ ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကန့်ကွက် ဆန္ဒပြသူ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက စက်တင်ဘာလ ၁၃ ရက် သောကြာ ၉ နာရီမှာ ပစ်ခတ်နှိမ်နင်း ခဲ့ရာမှာ အကျဉ်းသား တယောက် ဉီးခေါင်းကို ကျည်ဆံ ထိမှန် သေဆုံးခဲ့ပြီး ကျန်အကျဉ်းသား တချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။

တနင်္ဂနွေနေ့မှာတော့ ထောင်ဆူပူမှုပြဿနာကို စုံစမ်းစစ်ဆေးဖို့ တိုင်းဒေသကြီး ဝန်ကြီးတယောက် ရောက်ရှိလာပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။