BBC navigation

ကျောက်ဖြူ စီးပွားရေးဇုံ အကြံပေး လုပ်ငန်း အတွက် တင်ဒါခေါ်

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2013 - 15:03 GMT
Burma Pipeline

ကျောက်ဖြူ အထူး စီးပွားရေး ဇုံက တရုတ် ရေနံပိုက်လိုင်း စီမံကိန်း အနီးမှာ ရှိနေ

ရခိုင် ပြည်နယ် အတွင်း အထူး စီးပွားရေးဇုံ စီမံကိန်း အတွက် အကြံပေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ နိုင်ငံ တကာ အဖွဲ စည်း တွေကို မြန်မာ အစိုးရက စနေနေ့က တင်ဒါ ဖိတ်ခေါ်လိုက် ပါတယ်။

ဒီ စီမံကိန်းကို ကနဦး ရင်းနှီး မြုပ်နှံမှု ဒေါ်လာ ၂၇၇ သန်းနဲ ကျောက် ဖြူ မြို့ တောင်ဖက် မှာ တည်ဆောက်မှာ ဖြစ်ပြီး ဧက ၁၀၀၀ နီးပါးပေါ်မှာ လာမယ့် ၂၀၁၄ ခုနှစ် အတွင်း စတင် အကောင် အထည် ဖော်မှာ ဖြစ် ပါတယ်။

မြန်မာ နိုင်ငံက အထူး စီးပွားရေး ဇုံတွေ ဖြစ် တဲ့ သီလဝါ နဲ့ ထားဝယ် စီမံကိန်းတို့က ( G to G ) အစိုးရချင်း ချိတ်ဆက် လုပ်ကိုင် တာဖြစ် ပြီး ကျောက်ဖြူ အထူး စီးပွားရေးဇုံ ကတော့ နိုင်ငံတကာ ရင်း နှီး မြှုပ်နှံသူ တွေကို ပထမဆုံး လေလံခေါ် တဲ့ စီမံ ကိန်းလို့ ဘဏ္ဏ ရေး ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိန်း က ပြောပါ တယ်။

ဒီစီမံ ကိန်းကို ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ဒေသခံတွေ အလုပ်အကိုင် ရဖို့ အဓိက ရည်မှန်းပြီး အကောင် အထည် ဖော်မယ် လို့လည်း ကျောက်ဖြူ အထူး စီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မီတီ ဥက္ကဌ ရထား ပို့ ဆောင် ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။

စီမံကိန်း အနီး မှာရှိတဲ့ မြဒေး ကျွန်းမှာ တန် သုံးသိန်း ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်း တစ်ခု ရှိနေ ပြီး ရေ လုပ်ငန်း အဓိက လုပ်တဲ့ နေရာ အနီး ဖြစ်လို့ ငါး၊ ပုဇွန် ထုပ်ပိုးတဲ့ စက်ရုံတွေ တည်ဆောက်ဖို့ အလား အလာ ကောင်း တွေ ရှိပါတယ်။

ဒါပေမဲ့ ဒီ စီမံကိန်းဟာ တရုတ် နိုင်ငံရဲ့ အရေးကြီးတဲ့ ရေနံ ပိုက်လိုင်း စီမံကိန်း အနီးမှာ ရှိနေလို့ တရုတ် ကပဲ လုပ်ခွင့် ရသွား မလား ဆိုတာ ဝေဖန် မှုတွေ ရှိပါတယ်။

ကျောက် ဖြူ ဒေသ ဟာ ရခိုင် ပြည်နယ် ထဲက ပဋိ ပက္ခ တွေ ဖြစ် ပွားရာ နေရာတွေ အနီးမှာ ရှိနေ တဲ့ အပြင် ကျောက်ဖြူ ကနေ တရုတ် နိုင်ငံကို သွယ်တန်းတဲ့ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှာလည်း ဒေသခံတွေ ကန့် ကွတ် ကြတာ ရှိပါတယ်။

ဒီစီမံကိန်း အကောင် အထည် ဖော်ပြီးရင် ဒေသခံတွေ အလုပ် အကိုင်ရ လာမှာ ဖြစ်လို့ ဖွံ့ဖြိုး မှူ နည်းတဲ့ ရခိုင် ပြည်နယ် အတွက် အခွင့် အရေး လို့ ဆိုနိုင် ပေမဲ အလုပ် အကိုင် အခွင့် အလမ်းက လွဲလို့ တခြား ဘာ အကျိုး တွေ ခံစားခွင့် ရမလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ် နေပါ သေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။