တားမြစ် အမိုးနီးယားနိုက်ထရိတ် တရုတ်မှဝင်

  • 29 ဩဂုတ် 2013
_china_burma_borderbiz
တရုတ်နိုင်ငံ မှ မြန်မာဘက် ဝင်တဲ့ ကုန်တင်ကား

မြန်မာနိုင်ငံ ကို တင်သွင်းဖို့ ကန့်သတ် တားမြစ်ထားတဲ့ အမိုးနီးယား နိုက်ထရိတ် ဓါတု ပစ္စည်း တန်ချိန် ရာနဲ့ ချီပြီး တရုတ်မြန်မာ နယ်စပ်၊ မူဆယ် အကောက်ခွန် ဂိတ် မှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က စာရွက်စာတန်း အတုတွေ နဲ့ တင်သွင်း ဖို့ ကြိုးစားရာမှာ သက်ဆိုင်ရာ အကောက်ခွန် အရာရှိတွေ ဖမ်းမိခဲ့ပါတယ်။

အဆိုပါ အမိုးနီးယား နိုက်ထရိတ် ဓါတု ပစ္စည်း ကား ၁၁ စီးစာ၊ ခန့်မှန်းခြေ တန်ချိန် ၃ဝဝ ခန့် ကို မြန်မာနိုင်ငံ ထဲ စာရွက် စာတမ်း အတု တွေ နဲ့ တင်သွင်း လာရာ မှာ ဦးဆောင် ဖမ်းဆီးတဲ့ အကောက်ခွန် အရာရှိ ဒုတိယ ညွန်ကြားရေးမှူး ဦးအုန်းလွင် က ဒီ ပစ္စည်း တွေ ကို အမ်အိုင် ဖေါင် လို့ ခေါ်တဲ့ စစ်တပ် အတွက် သုံးဖို့ သွင်းလာတာ လို့ ကားသမား က ပြော ပေမယ့်၊ အမိုးနီးယား နိုက်ထရိတ် ဓါတု ပစ္စည်း ဟာ မြေသြဇာ အဖြစ် အသုံးချ နိုင်သလို တခြားပစ္စည်း နဲ့ ရောစပ်ရင် အခြေခံ ဖေါက်ခွဲသုံး ဖြစ် နိုင်လို့ ဖမ်းရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ပစ္စည်း ပိုင်ရှင် ကတော့ ထားဝယ် ငြိမ်းချမ်းရေး အဖွဲ့ လိုလို ပြောလို့၊ လတ်တလော မှာတော့ ကားသမားတွေ ကို မူဆယ် ရဲစခန်းမှာ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ နဲ့ အရေးယူ အမှု ဖွင့်ထားကြောင်း၊ တားမြစ်ကုန် ပစ္စည်းသွင်းလာတဲ့ ရည်ရွယ်ချက် ကို စုံစမ်းဆဲ ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး အရာရှိ တဦး ကလည်း ဘီဘီစီ ကို ပြောပါတယ်။