လဖိုင်ဆိုင်းရော် ရေမွန် မက်ဆေးဆေး ဆုလက်ခံယူမယ်

  • 29 ဩဂုတ် 2013
ရေမွန် မက်ဆေးဆေး ရတဲ့ လဖိုင်ဆိုင်းရော်

၁၉၉ဝ နှစ်ကျော် ကာလတွေ တုန်းက မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း( မေတ္တာ )ကို ထူထောင်ခဲ့တဲ့ ကချင် အမျိုးသမီး လဖိုင် ဆိုင်းရော် ဟာ ရေမွန် မက်ဆေးဆေး ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဒီနေ့ သြဂုတ်လ၂၉ ရက်နေ့မှာ ဖိလစ်ပိုင် နိုင်ငံ ရေမွန် မက်ဆေးဆေး စင်တာမှာ ကျင်းပမယ့် ဆုချီးမြှင့်ပွဲမှာ သူတို့ အဖွဲ့ မေတ္တာရဲ့ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေ ၊ ဒီစီမံကိန်းတွေရဲ့ အောင်မြင်မှု ရလဒ်နဲ့ ကချင် ဒေသတွင်း ငြိမ်းချမ်းရေး ရစေဖို့ အကြောင်းတွေကို တင်ပြ သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ချီးမြှင့်ရရှိတဲ့ ဆုငွေတွေကို မြန်မာပြည် မြောက်ပိုင်း မြစ်ဆုံ ဒေသ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့နဲ့ ဒေသခံ ပြည်သူတွေအတွက် ရေရှည် တည်တံ့မယ့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း ဖန်တီးပေးမယ့် လုပ်ငန်းတွေမှာ သုံးစွဲ သွားမယ်လို့ ဆိုပါတယ်။