BBC navigation

ထိုင်းခိုးဝင်မယ့် သူတွေ ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2013 - 16:42 GMT
kawthoung

မြန်မာ ဘက်က ပထမဆုံး အုပ်စုလိုက် ဖမ်းမိ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဘဝါး ကျွန်းပေါ်မှာ တဘက် ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်မယ့် မြန်မာ ၃၂ ဦးကို ကော့သောင်း ရဲတပ်ဖွဲ့က ပွဲစား နှစ်ဦး နဲ့အတူ ဖမ်းမိနိုင်ခဲ့ ပါတယ်။

လှေသမား နှစ်ယောက် ကတော့ လွတ်နေဆဲလို့ သိရပါတယ်။

ဖမ်းမိသူ တွေက ချင်းပြည်နယ်နဲ့ ရေး မြိတ် မော်လမြိုင် ဘက်က ဖြစ်ကြပါတယ်။

တချို့က လေယာဉ်နဲ့ ရောက်လာ ကြပြီး ကားနဲ့ လာသူတွေ ပါသလို ထိုင်းကနေ မလေး နယ်စပ်ထိ သွားမှာလို့ သိရပါတယ်။

တရားမဝင် ပို့ဆောင်ခ အဖြစ် မြန်မာငွေ ၆ သိန်းနဲ့ ညီတဲ့ ထိုင်းဘတ် နှစ်သောင်း ပေးရမှာ ဖြစ်ပါတယ်။

ခုလိုလာဖို့ ရှိတာတွေ ရောင်းခဲ့ရတယ်လို့ မော်လမြိုင်သူ တယောက်က ပြောပါတယ်။ မြန်မာပြည်မှာ တနေ့ လုပ်ခ နှစ်ထောင် သုံးထောင်ထက် ပိုမရလို့ တင်နေတဲ့ အကြွေး တွေ နဲ့ မိသားစု စားဝတ်နေရေး ပြေလည် မလားလို့ အလုပ်လုပ်ဖို့ ထွက်တာ လို့ ဆိုပါတယ်။

ဗုဒ္ဓဟူး နေ့ ညနေ ၆ နာရီက ကျွန်းပေါ်မှာ ဖမ်းမိခဲ့ပြီး အမျိုးသား ၂၈ ဦး အမျိုးသမီး ၄ ဦး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ကိုချစ်ကို ဆိုသူ ဆိုင်ကယ်နဲ့ သယ်နေစဉ်က စပြီး ခြေရာခံ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဖမ်းမိထားတဲ့ ၃၂ ဦးကို အဏ္ဏဝါရပ်ကွက် ဆေးရုံဟောင်းမှာ ထိန်းသိမ်း ထားပြီး အရေးယူ အပြစ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။