ကျောက်ဖြူ ဖွံ့ဖြိုး တိုးတက်ရေး တောင်းဆို

  • 3 ဩဂုတ် 2013
 gas pipe
ရခိုင်က တရုတ်ကို ဓာတ်ငွေ့ပို့နေ

ကျောက်ဖြူ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျေးရွာ ၂၃ ရွာနဲ့ ကျောက်ဖြူ အခြေပြု အဖွဲ့ အစည်း သုံးခု အစိုးရကို စာရေး တောင်းဆို လိုက်ပါတယ်။

ရွှေပိုက်လိုင်း ကြောင့် သိမ်းထားတဲ့ လယ်မြေတွေ ကိစ္စ ဖြေရှင်းဖို့၊ ပိုက်လိုင်း တလျှောက်က ရွာတွေ မီးရဖို့၊ ရွာချင်းဆက် လမ်းတွေနဲ့ ရပ်ရွာ ဆေးပေးခန်း၊ ရေကန်၊ စာသင်ကျောင်း ဆောက်လုပ်ရေး တွေမှာ ကူညီဖို့ ကျောက်ဖြူ အာဏာပိုင် တွေနဲ့ ဒေဝူး ကုမ္ပဏီ၊ တရုတ် စီအင်ပီစီ ကုမ္ပဏီနဲ့ မြန်မာ့ ရေနံဓာတု လုပ်ငန်း MOGE တို့ကို စာရေး တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ဒေသခံတွေ တောင်းဆိုချက်ကို ၁၅ ရက် အတွင်း အကြောင်း ပြန်ဖို့ တောင်းဆို ထားတယ် လို့လည်း သိရပါတယ်။

အကယ်၍ ၁၅ ရက် အတွင်း မတုန့်ပြန်ရင် ရွာသားတွေက တဆင့်တိုး ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ကျောက်ဖြူ က ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းကြောင့် လယ်ယာမြေ ဆုံးရှုံးမှုတွေ ရှိနေ သလို ဒေသ တွင်း လျှပ်စစ်မီး အလုံ အလောက် မရတာတွေကြောင့် အကျိုး မရှိတဲ့ စီမံကိန်းဆိုပြီး ဒေသခံတွေ အတွင်းမှာ လည်း မကျေနပ်မှု တိုးပွား နေပါတယ်။

ဇူလိုင်လ ၂၉ ရက် ကလည်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ကျောက်ဖြူ လာတဲ့အခါ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ စီစဉ် ခဲ့သေးပါတယ်။

ရာသီ ဥတု အခြေ အနေ ဆိုးရွားလို့ ဒုသမ္မတ ခရီးစဉ်ကို ဖျက်လိုက်ရတဲ့ အတွက် ဒေသခံ ရွာသား တွေရဲ့ ဆန္ဒ ပြ တောင်းဆိုမယ့် အစီအစဉ် ပျက်သွား ပြီးနောက် ဒေသခံ တွေက စာရေး တောင်းဆို လာကြတာ ဖြစ်ပါတယ်။

ရခိုင် ကမ်းလွန်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ တွေကို ဇူလိုင်လ ၂၉ ရက်နေ့က စပြီး ကျောက်ဖြူ မြို့နယ်ကနေ ပိုက်လိုင်းက တဆင့် တရုတ် ယူနန် ပြည်နယ် စတင် ပို့လွှတ် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ