တောင်ကုတ် လူသတ်မှု သံသယရှိသူတွေကို ဖမ်းဆီး

  • 18 ဇူလိုင် 2013
အခင်း ဖြစ်ပွားပြီး တနှစ် ကျော် လောက် ကြာမှ၊ အထူး စုံစမ်း ထောက်လှမ်းရေး အဖွဲ့က လာရောက် ဖမ်ဆီး

ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှာ မွတ်ဆလင် ၁၀ ဦး မနှစ်က သတ်ဖြတ် ခံရမှုနဲ့ ဆက်စပ်ပြီး ဒေသခံ (၆) ဦးကို အာဏာပိုင် တွေက ဗုဒ္ဓဟူး ညမှာ ဖမ်းဆီး ခေါ် ဆောင် သွား ပြီ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခတွေ စတင် ဖြစ်ပွား ခဲ့တဲ့ အကြောင်းရင်း တွေထဲမှာ အခု သတ်ဖြတ်မှု ဟာလည်း တခု အပါ အဝင် ဖြစ်ပြီး၊ အခင်း ဖြစ်ပွားပြီး တနှစ် ကျော် လောက် ကြာမှ၊ အထူး စုံစမ်း ထောက်လှမ်းရေး အဖွဲ့ကနေ အခုလို လာရောက် ဖမ်ဆီးတာ ဖြစ်ပါတယ်။

ဖမ်းဆီး ခံခဲ့ ရတဲ့ သူတွေ ကတော့ တောင်ကုတ်မြို့ ကံပိုင်နဲ့ ဂူတာ ရပ်ကွက် တွေက ကိုမြင့်မောင်( ခေါ်) ကိုသန်းနိုင်၊ ကိုဝင်းနိုင် (ခေါ်) မောင်ပု၊ ဦးရွှေလှိုင်၊ ကိုသန်းကျော်၊ ကိုထွန်းမြင့် နဲ့ ဦးထွန်းဝင်း တို့ ဖြစ်ကြပြီး၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး ဌာနက ဒုရဲမှူးကြီး မင်းအောင်က လည်း အခု ဖမ်းဆီးမှုကို အတည်ပြု ပါတယ်။

ဒီအမူနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အရေးယူမူ မရှိတဲ့ အတွက် အများက မေးခွန်း ထုတ်နေကြ ချိန်လည်း ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း ဒေသ တွင်းက အာဏာပိုင်တွေ ဖမ်းဆီးတာ မဟုတ်ဘဲ နေပြည်တော်က လာရောက် ဖမ်းဆီးတာ ဖြစ်တဲ့ အတွက် အထူး အရေးကြီးတဲ့ သဘောမျိုး ဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးပြီးတဲ့ နောက်မှာတော့ ဘုရားကြီး ရင်ပြင်နဲ့ မြို့တော် ခန်းမမှာ ရဲတွေကို တိုးချ လိုက်တယ်လို့ ပြောပါတယ်။ ဒီ လူသတ်မှု ဖြစ်ပွား ပြီးတဲ့ နောက်ပိုင်း ၂၀၁၂ ခုနှစ် တုန်းက လူပေါင်း ၃၀ ကို သက်ဆိုင်ရာ ခေါ်ယူ စစ်ဆေး ခဲ့ပေမယ့် တစုံ တရာ အရေးယူ ခဲ့တာ မရှိဘဲ တနှစ်ကျော် ကြာမှ အခုလို အရေးယူမူ တွေ ပြုလုပ် လာတဲ့ အတွက် လူအများ ကတော့ ဒီအမူနဲ့ ပတ်သက်ပြီး အထူး စိတ်ဝင် တစား စောင့်ကြည့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ