ပုံနှိပ် ဥပဒေ ကိစ္စ စာနယ်ဇင်းများ သတိပေး

  • 8 ဇူလိုင် 2013
burmese media
မီဒီ ယာ တွေ ကို စာပေ စိစစ် ရေးနဲ့ ထိန်းချုပ်မှာ မလိုလား

ဇူလိုင် ၄ ရက်က ပြည်သူ့ လွှတ်တော် မှာ အတည်ပြု တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း ကို စာနယ်ဇင်း ကောင်စီ က ပြင်းပြင်း ထန်ထန် ကန့်ကွတ် လိုက်ပါတယ်။

ပြန်ကြားရေး ဌာန နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သဘောတူ ခဲ့တဲ အချက် တွေ မပါဘဲ ဒီဥပဒေ ကို ဒီအတိုင်း ဆက်အတည် ပြု သွားရင် စာနယ်ဇင်း ကောင်စီဝင် အားလုံး နုတ် ထွက် မယ် လို့ တနင်္ဂနွေ နေ့ သတင်းစာ ရှင်း လင်းပွဲ မှာ ပြော လိုက် ပါတယ် ။

ဒီ ဥပဒေ ကြမ်းကို လွှတ်တော် မှာ ပြန်ကြား ရေး ဝန် ကြီး စ ပြီး တင် သွင်း ကထဲက စာနယ်ဇင်း ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ များ အသင်း နဲ့ မြန်မာ သတင်း သမား များ ကွန် ယက် အပါ ဝင် မီဒီယာ လောကသား တွေက လက်မခံဘဲ ကန့် ကွက် ခဲ့ပါတယ် ။

ဒီကန့်ကွတ်မှု တွေကြောင့် ဥပဒေ ကြမ်းကို လွှတ်တော် က ဆိုင်းငံ့ ထား ခဲ့ ပြီး စာနယ် ဇင်း ကောင်စီ နဲ့ ပြန်ကြား ရေး ဝန်ကြီးဌာန ညှိနှိုင်း ပြင် ဆင်မယ် ဆိုပြီး သဘော တူညီချက် တွေ ရှိ ခဲ့ပါ တယ် ။

ဒါပေ မဲ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြု ချိန် မှာ တော့ ဒီ အချက် တွေ မပါ ဘဲ မူရင်းအတိုင်း ဖြစ် နေခဲ့လို့ စာနယ်ဇင်း ကောင်စီ က ကန့်ကွက် တာ ဖြစ် ပါ တယ် ။ ဒီဥပဒေ မှာ မြန်မာ စာနယ် ဇင်း သမားတွေ သဘော မတူ နိုင်တဲ့ အဓိက အချက် က တော့ အဲဒီ ဥပဒေပါ ပုံနှိပ် ရေး နဲ့ မှတ် ပုံတင် ဌာ န ဆိုတာ ဖြစ်ပါတယ် ။

ဒီဌာ န ဟာ မြန်မာမီဒီ ယာ လော က သား တွေ နှစ်ပေါင်း များစွာ တွေ့ ကြုံခဲ့ တဲ့ ထုတ်ဝေရေးနဲ့ မီဒီ ယာ သမား တွေ ကို ထိန်း ချုပ်ခဲ့ တဲ့ စာပေ စိစစ် ရေး ကို ပြန်လည် အသက် သွင်း တဲ့ပုံစံ မျိုး ဖြစ် နေပါတယ် ။ ပြန်ကြားရေး ဒု တိ ယ ဝန် ကြီး ဦး ရဲထွဋ် ကတော့ စာနယ်ဇင်း ကောင်စီနဲ့ ညှိနှိုင်း ချပြခဲ့တဲ့ အချက် တွေကို လွှတ်တော်နဲ့ မူကြမ်း ကော်မတီက နောက်ဆုံး အတည်ပြု သတ်မှတ်ခဲ့တာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြော ပါတယ် ။

ဥပဒေ နောက်ဆုံး အတည် ပြု ဖို့ အမျိုး သား လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် အပါ အဝင် သမ္မတ အထိ အဆင့် တွေ ကျန် ပါသေး တယ် ။