ဒုဗိုလ်ချုပ်ကြီး ကန်အမည်ပျက် စာရင်းဝင်

  • 2 ဇူလိုင် 2013
thein htay
စစ်လက်နက် ထုတ်လုပ်ရေး ဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး

ကုလ သမဂ္ဂ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် လုပ်နေတယ် ဆိုပြီး မြန်မာ အဆင့်မြင့် စစ် အရာရှိကြီး တဦးကို အမေရိကန် အစိုးရ က အမည်ပျက် စာရင်း ထည့်သွင်း လိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြောက်ကိုရီးယား က စစ်ပစ္စည်းတွေ ဆက်ပြီး ဝယ်ယူနေတဲ့ အတွက် မြောက်ကိုရီးယားရဲ့ အဏုမြူနဲ့ ဒုံးလက်နက် စီမံကိန်း တွေ အတွက် ဝင်ငွေရဖို့ ကူညီရာ ကျတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန် ပါတယ် ။

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ဖြတ်တောက်ရေးမှာ တိုးတက်မှုတွေ ရှိလာတဲ့ အတွက် မြန်မာ အစိုးရ ကိုတော့ ပစ်မှတ် မထားဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပါဝင်တဲ့ စစ်ပစ္စည်း အမျိုးအမည်တွေ ကိုတော့ အမေရိကန် ဘက်က မထုတ်ပြန် ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ