BBC navigation

မြန်မာ့အပြောင်းအလဲ ဖွဲ့စည်းပုံကြား ပိတ်မိနေ

နောက်ဆုံး ရေးသားချိန် 23 ဇွန်လ 2013 - 01:38 GMT
88 Leaders in UK

ကိုမင်းကိုနိုင် လန်ဒန်တက္ကသိုလ် SOAS မှာ ပြောကြား

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲမှာ လက်ရှိ ဖွဲ့စည်းပုံက အတားအဆီး ဖြစ်နေကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တွေက ယူကေက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြား လိုက်ပါတယ်။

ကိုမင်းကိုနိုင် ၊ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင် ၈ ဦးဟာ စနေနေ့တုန်းက လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့ အာဖရိကလေ့လာရေးကျောင်းမှာ ယူကေတဝန်းက မြန်မာတွေရော၊ မြန်မာ့အရေးစိတ်ဝင်စားသူတွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ယုံကြည်သလားဆိုတဲ့ မေးခွန်းကိုတော့ ကိုမင်းကိုနိုင်က သမ္မတကိုယ်တိုင် ဖွဲ့စည်းပုံကြား ပိတ်မိနေတယ်လို့ ပြောပါတယ်။

သမ္မတ လုပ်ပိုင်ခွင့်ကလည်း တင်းကျပ်တဲ့ ဖွဲ့စည်းပုံ အောက်မှာ အကန့်အသတ်ရှိတယ်လို့ သူက ထောက်ပြပါတယ်။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ constitutional military coup စစ်တပ်ကို တရားဝင် အာဏာသိမ်း ခွင့်ရအောင် ကြိုးပမ်းထားကြတယ်လို့ ဦးကိုကိုကြီးကလည်း ပြောပါတယ်။

လွှတ်တော်တွင်းမှာလည်း ပြည်သူက တကယ်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေသာ ရှိသင့်တယ်လို့ ၈၈ ခေါင်းဆောင်တွေက ပြောခဲ့ကြပါတယ်။

ယူကေရောက် မြန်မာတွေနဲ့ တွေ့တဲ့ ပွဲမှာ ၈၈ မျိုးဆက်တွေ ရေးသားခဲ့တဲ့ သီချင်းတွေလည်း မြန်မာတေးဂီတအဖွဲ့က သီဆိုခဲ့ကြသလို နောက်ဆုံးပိတ် အစီအစဉ်မှာတော့ တချိန်က ကိုထူးအိမ်သင် ရေးဖွဲ့ခဲ့ပြီး ကိုမွန်းအောင် သီဆိုခဲ့တဲ့ အရေးကြီးပြီ သီချင်းကိုလည်း ၈၈ မျိုးဆက် ခေါင်းဆောင်တွေဟာ ပရိသတ်နဲ့အတူ သံပြိုင် သီဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။