ရှမ်းပြည်နယ်မှာ လက်နက်တွေ ဖမ်းဆီးမိ

  • 27 မေ 2013

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်မှာ လက်နက် မျိုးစုံ ၃၂ လက်နဲ့ ကျည်ဆံတွေ သယ်လာတဲ့ ကား တစ်စီးကို ရဲတပ်ဖွဲ့က ဖမ်းဆီး မိလိုက်ပါတယ်။

မေလ ၂၇ ရက်နေ့ မနက် ၂ နာရီကျော် လောက်က လက်နက် တင်လာတဲ့ စလွန်းကား တစ်စီးဟာ ရှမ်းပြည်နယ် လားရှိုး မြို့နယ်၊ ဟိုပိတ် ကျေးရွား အနီးက အေးရှားဝေါလ် တိုးဂိတ် စစ်ဆေးရေးဂိတ်မှာ ရပ်ခိုင်းတာကို မရပ်ပဲ မောင်းပြေး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ့အတွက် သက်ဆိုင် ရာက စုံးစမ်း ရှာဖွေ ရာ၊ သိန္နီမြို့နယ် နားဆော့ ကျေးရွာ ဘုန်းကြီးကျောင်း အရှေ့မှာ ကား ရပ်ထားတာကို တွေ့ရှိပြီး စစ်ဆေး ရာ ကနေ လက်နက်တွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိန္နီမြို့ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်နက်တွေ ကတော့ အမ်-၂၂ ၊ အမ်- ၁၆ မောင်းပြန် သေနတ်တွေ အပြင်၊ ပစ္စတို ၁ လက်နဲ့ အမ် ၇၉ လောင်ချာ ၃ လက်တို့ ဖြစ်ပြီး ကျည်ဆံ ၂၆၈၉ တောင့် ရှိတယ်လို့ ရဲက ပြောပါတယ်။

ဒီလက်နက်တွေဟာ နယ်စပ်ဘက်က သယ်လာတယ်လို့ ယူဆရပြီး နယ်စပ်ဘက်က သယ်လာတဲ့ လက်နက်တွေကို အခုလို ဖမ်းဆီး ရမိတာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အရင်တုန်း ကတော့ ရှမ်းပြည် တောင်ပိုင်း မြောက်ပိုင်းတွေကို ဖြတ်သယ်တဲ့ လက်နက်ကိုသာ ဖမ်းဆီး ရမိဖူးတယ်လို့ သိန္နီမြို့ရဲစခန်းက ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။