BBC navigation

မြန်မာ ပြုပြင်ရေး ဗြိတိန် သတိပေး

နောက်ဆုံး ရေးသားချိန် 17 ဧပြီလ 2013 - 01:35 GMT
rohingya

ရိုဟင်ဂျာကလေးတွေကို နိုင်ငံသားခံယူခွင့် မပေး

ဗြိတိန် ပါလီမန်မှာ လေဘာပါတီ အမတ် ဂျော်နသန် အက်ရှ်ဝါ့သ်က မြန်မာ့ ပြုပြင်ရေးမှာ ရိုဟင်ဂျာ အပါအဝင် လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

မိတ္ထီလာနဲ့ မြန်မာနိုင်ငံ ဒေသတချို့မှာ မွတ်စလင် လူနည်းစုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်ရခြင်း အကြောင်းရင်း ဇာစ်မြစ်ဟာ ရိုဟင်ဂျာ ပြဿနာပဲလို့ သူမြင်ကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြ ပေမယ့် ရိုဟင်ဂျာ ကလေးတွေကို နိုင်ငံသား ခံယူခွင့် မပေးဘဲ ခုထိ ငြင်းဆန် နေတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် သဘော တူညီချက်ကို ဆန့်ကျင်တာ ဖြစ်တယ်လို့ မစ္စတာ အက်ရှ်ဝါ့သ်က ဆိုပါတယ်။

ဒီမိုကရေစီ ဆိုတာလူနည်းစု လူ့အခွင့်အရေးကို အသိအမှတ် ပြုရပြီး မြန်မာနိုင်ငံဟာ လူနည်းစု လူမျိုးစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မတူညီတဲ့ လူနည်းစုတွေ အပေါ်မှာ အသိအမှတ်ပြု ဆက်ဆံစေချင် တယ်လို့လဲ ဆိုပါတယ်။

တချို့ ဥရောပ ၊ အမေရိကန်နဲ့ အနောက်နိုင်ငံ တွေဟာ မြန်မာနိုင်ငံကို စီးပွားရေး အကျိုးအမြတ်ပဲ မျှော်ကိုးပြီး ချဉ်းကပ် နေကြတာဟာ မမှန်ကန်ဘဲ အစဉ်အလာ အားဖြင့် လူ့အခွင့်အရေးကို အားပေးတဲ့ ဗြိတိန်က မြန်မာနိုင်ငံမှာ စီးပွားရေးကြောင့် လူ့အခွင့်အရေး ထိခိုက်ပျက်စီးမှာမျိုး မလိုလားကြောင်းလဲ သူ ပြောသွားပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဂ်က G-8 ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူနည်းစု ဘာသာရေး တင်းမာမှုတွေ အကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။