သင်္ကြန်အကြို ရန်ကုန်မှာ စည်ကား

  • 13 ဧပြီ 2013
ကန်တော်ကြီး ပတ်လမ်းနဲ့ အင်းယားကန် ဘက်မှာ ကားတွေ၊ လူတွေနဲ့ အထူး စည်ကားခဲ့

မြန်မာ သက္ကရာဇ် ၁၃၇၄ ကုန်လို့ ၁၃၇၅ ခု နှစ်သစ် ကူးမယ့် သင်္ကြန် အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က မြို့တော်ဝန် ရေကစား မဏ္ဍပ်တွေ ကို စတင် ဖွင့်လှစ်တယ် ဆိုရင်ပဲ ရေကစား သူတွေနဲ့ စည်းကားခဲ့ ပါတယ်။

ရန်ကုန်မြို့ မှာတော့ ညနေ ၃ နာရီ နောက်ပိုင်း ရေကစား မဏ္ဍပ်တွေ စတင် ဖွင့်လှစ်ရာ ကန်တော်ကြီး ပတ်လမ်းနဲ့ အင်းယားကန် ဘက်မှာ ကားတွေ၊ လူတွေနဲ့ အထူး စည်ကားခဲ့ ပါတယ်။

သင်္ကြန်မှာ တိုက်ခိုက် မှုတွေ ရှိလာ နိုင်တယ်လို့ ကောလဟာလတွေ ထွက်ခဲ့ တာကြောင့် လုံခြုံရေး ကိုတော့ စနစ် တကျနဲ့ အထူးချ ထားတာကို တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ရေးကစား မဏ္ဍပ် နေရာတွေမှာ အစား အသောက် ရောင်းချ နေတာ ဟာလည်း အထူး များပြား လှတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ကနေ ကိုမင်းထက် သတင်း ပေးပို့ထား တာကို နားဆင် နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ