BBC navigation

ဘာသာရေး အဓိကရုဏ်းတွေ အတွက် ဂျင်မီကာတာ စိုးရိမ်

နောက်ဆုံး ရေးသားချိန် 6 ဧပြီလ 2013 - 01:28 GMT
သမ္မတဦးသိန်းစိန်နဲ့ ဂျင်မီကာတာ

သမ္မတဦးသိန်းစိန်နဲ့ ဂျင်မီကာတာ

သမ္မတဟောင်း ဂျင်မီကာတာက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး တို့လုပ်နေချိန်မှာ မကြာမီက ဖြစ်ပွားသွားတဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ထုတ်ဖေါ် ပြောကြားပါတယ်။

မြန်မာနိုင်ငံကို ၃ရက်ကြာ ချစ်ကြည်ရေးခရီးထွက်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ခရီးစဉ်မပြီးဆုံးမီ ရန်ကုန်မြို့တော်မှာ စားပွဲဝိုင်း ဆွေးနွေးပွဲ ပြုလုပ်စဉ် ခုလို ပြောတာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းသူဟာ သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်တွေအပါအဝင် အဖွဲ့အစည်း အတော်များများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အခုလို အပြောင်းအလဲတွေ လုပ်နေတဲ့အချိန်မှာ အရေးကြီးဆုံး စိန်ခေါ်မှုကတော့ ဆင်းရဲမွဲတေမှုနဲ့ အစိုးရနဲ့ တိုင်းသားတွေကြား ယုံကြည်မှုမရှိသေးတာ၊ ဆင်းရဲသူနဲ့ချမ်းသာ သူကြား ယုံကြည်မှု မရှိတာတွေ ဖြစ်တယ်လို့ထောက်ပြပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံမှာ အခုပြုလုပ်နေတဲ့ အပြောင်းအလဲတွေကို ထောက်ခံတယ်၊ဘာသာစုံလူမျိုးစုံ ပူးတွဲနေထိုင်တာကို မြင်တွေ့လိုတယ်၊ဒါပေမယ့် တဖက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပဋိပက္ခတွေကတော့ လက်ရှိသွားနေတဲ့ အောင်မြင်မှုကို ထိခိုက်မယ့် အန္တရာယ်ရှိတယ်လို့ ဂျင်မီကာတာကဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည် အတ္တလန်တာ အခြေစိုက် ကာတာ စင်တာကိုလည်း မြန်မာနိုင်င်ငံမှာ ဖွင့်ဖို့ အစီအစဉ်ရှိတယ် လို့ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။