BBC navigation

ကေအိုင်အိုနဲ့ အစိုးရကြား ဆွေးနွေးပွဲရွှေ့ဆိုင်း

နောက်ဆုံး ရေးသားချိန် 4 ဧပြီလ 2013 - 15:50 GMT
ကေအိုင်အိုနဲ့အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဆွေးနွေးပွဲ

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဆွေးနွေးပွဲ

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို တို့ကြား မြစ်ကြီးနားမှာ ဆွေးနွေးမယ့် အစီအစဉ်မှာ ပြည်ပက လေ့လာဖို့ ဖိတ်ကြားတဲ့ အဖွဲ့တွေ အချိန်တိုအတွင်း တက်ဖို့ အဆင်မပြေ သေးတဲ့အတွက် ရွှေ့ဆိုင်း လိုက်တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

အခုတခေါက် ဆွေးနွေးပွဲမှာ အမေရိကန် ဗြိတိန် တရုတ်နဲ့ ကုလသမဂ္ဂတို့ကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ကေအိုင်အိုဘက်က ဖိတ်ကြားထားတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားထားပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေကတော့ အခုလို ကေအိုင်အိုက ကုလသမဂ္ဂ အပါအဝင် ပြည်ပ နိုင်ငံကြီးတွေကို ဖိတ်ကြားတဲ့အပေါ် အစိုးရဘက်က ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိုဘဲ ဦးတည်တဲ့အတွက် အရင်ကတဲက ဘာမှမပြောခဲ့ဘူးလို့ သဘောထားမှတ်ချက် ပေးပါတယ်။

တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ရက်ရွေးနေချိန်မှာဘဲ အစိုးရတပ်တွေနဲ့ ကေအိုင်အေကြား အောက်ခြေမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ အစိုးရဘက်က တော့ တပ်နေရာယူမှုတွေ သိပ်နီးလို့ ထိတွေ့မှုတွေ ရှိကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးလည်း မလုပ်နိုင်သေးတာ တကြောင်းဖြစ်တယ်၊ ဒါကြောင့် နှစ်ဘက်စလုံး အပစ်ရပ်အောင် အကောင်အထည် ဖေါ်ဖို့လိုအပ်တယ်လို့ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။