BBC navigation

ကရင်နီဒုက္ခသည် စခန်း မီးလောင်မှုကြောင့် လူ၃၀ကျော်သေ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 00:51 GMT

မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်း ၂မှာ အိမ်ခြေ၆၀၀ ကျော်လောက်ရှိ

ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည်စခန်း အမှတ်၂ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့ရာမှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ကျော် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တွေရော၊ သက်ကြီးရွယ်အိုတွေပါ ပါတယ်လို့ ဆိုပါတယ်။

ရပ်ကွက် ၁ ကနေ မီးစတင်လောင်ကျွမ်းရာကနေ တခြားရပ်ကွက်ကိုပါ ကူးစက်လောင်ကျွမ်းပြီး အရှိန်မသတ်နိုင်ခဲ့တဲ့ အနေအထားထိ ဖြစ်သွားခဲ့ရတယ်လို့ စခန်း တာဝန်ခံတဦးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ မီးဘေး ဒုက္ခသည်တွေကို ထိုင်းမြန်မာနယ်စပ် အခြေစိုက် ဒုက္ခသည်များ အကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ TBBC၊ IRC စတဲ့ အဖွဲ့တွေနဲ့အတူ ထိုင်းစစ်တပ်က သောက်သုံးရေနဲ့ အစားအစာတွေ ကူညီ ထောက်ပံ့ ကြတယ်လို့ သိရပါတယ်။

မနှစ်တုန်းကလည်း မဲဆောက်မြို့တောင်ဖက် ကီလို မီတာ ၁၀၀ နီးပါးက အုန်းပြန့် မြန်မာ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ တထောင်နီးပါး မီးထဲပါသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။