BBC navigation

ကြေးနီစီမံကိန်း ဆက်လုပ်သင့်ကြောင်း အကြံပြု

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 12:02 GMT

ကော်မရှင်ရဲ့ အစီရင်ခံစာကို ပြည်သူအများ စိတ်ဝင် တစား ဖတ်ရှု နေကြစဉ်

လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ကိုပြန်လည် သုံးသပ်ပြီး ဆက်လုပ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း ရေး ကော်မရှင်ရဲ့ အစီရင် ခံစာမှာ အကြံပြု ထားပါတယ်။

ဒီကနေ့ ထွက်ရှိ လာတဲ့ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ အကြံပြုချက် သုံးခုကို တင်ပြထားတာ ဖြစ်ပြီး၊ စီမံကိန်းကို ရပ်စဲမယ် ဆိုရင်တော့ မြန်မာ နိုင်ငံဟာ နိုင်ငံ တကာ ရင်နှီးမြှုပ်နှံမှု စာချုပ်တွေကို ချိုးဖေါက်ရာ ရောက်နိုင်ကြောင်း ဖေါ်ပြထား ပါတယ်။

နောက်တချက် ကတော့ စီမံကိန်းကို ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံ ပြည်သူတွေရဲ့ အကျိုးကို အများကြီး ထိခိုက် နိုင်တာ ကြောင့် ဒီအတိုင်း ဆက်မလုပ် သင့်ကြောင်း အကြံပြုထား ပါတယ်။

နောက်ပြီး လက်ပံတောင်း တောင်သပိတ် စခန်းကို ဖြိုခွဲ ရာမှာ ရဲက ဖေါ့စ်ဖေါရပ်စ် မီးစုန်း ဓာတ်ပါတဲ့ ဗုံးတွေကို အသုံးပြုခဲ့ တယ်ဆို တာကို ဝန်ခံ ထားပေမယ့် သပိတ် ဖြိုခွဲမှု အပေါ် လုပ်သင့် မလုပ်သင့် ဆိုတာ ကိုတော့ ဖေါ်ပြထားခြင်း မရှိပါ။

ဒီအစီရင်ခံစာ အပေါ် အကောင် အထည် ဖေါ်ဖို့ အတွက် နောက်ထပ် ကော်မတီ တခုကိုလည်း ဒီကနေ့ ထပ်မံ ဖွဲ့လိုက်ပါတယ်။ အဲဒီ ကော်မတီမှာ သမ္မတရုံး ဝန်ကြီး ဦးလှထွန်း က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။