BBC navigation

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းသုံးသပ်ချက်

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 00:59 GMT
bbc_dassk_congress

ဒေါ်အောင်ဆန်းစုကြည် ညီလာခံ မိန့်ခွန်း

NLD ပါတီညီလာခံ အဖွင့်မိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည် က ရှေ့ဆက် သွားရမယ့် ခြေလှမ်းတွေ၊ ပါတီဖွဲ့စည်း တည်ဆောက်မယ့် ပုံစံတွေ ချပြသွားပါတယ်။ မျိုးဆက်သစ် လူငယ်တွေ၊ လူသစ်တွေ အဖွဲ့ချုပ်ထဲ ပါဝင်ရေး၊ ပါတီ ရဲ့ မူလ ရည်မှန်းချက် ဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးမှာ လုပ်နည်း လုပ်ဟန် အတွေးအခေါ် မှန်ကန် ဖို့လည်း ဆိုပါတယ်။

အဖွဲ့ချုပ်အတွင်းက အားနည်းချက်တွေလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါတယ်။ အဖွဲ့ချုပ်မှာ ဗဟို ဦးစီး အဖွဲ့က ကြီးစိုးနေတယ် ဆိုတဲ့ ဝေဖန် ပြောဆိုမှု တွေကို ဒေါ်အောင်ဆန်းစုကြည် က ဝန်ခံသွားတာ ဟာ ထူးခြားမှုတခု လို့ ဆိုနိုင်တဲ့ အကြောင်း မြန်မာဌာနမှူး ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။

မတူကွဲပြားတဲ့ အမြင်တွေ ကို မကြောက်ဖို့၊ အချင်းချင်း နားလည်မှု တည်ဆောက်နိုင် မှသာ ညီညွတ် နိင်မယ် လို့ ပြောသွားတဲ့ အချက်ဟာ ဆိုရင် အဖွဲ့ချုပ် ကိုသာ ဦးတည်တာ မဟုတ်ပဲ အစိုးရ ကိုလည်း ရည်ညွှန်းပြောဆို တယ်လို့ ယူဆနိုင်ပါတယ်။

ပြည်သူတွေ အပေါ် ကတိတည်ဖို့ နဲ့ ပြည်သူရဲ့ ထောက်ခံမှု ရအောင် အလွယ်ပေးတဲ့ ကတိတွေဟာ ပြည်သူတွေ အပေါ် သစ္စာမဲ့ရာ ရောက်သလို ဖြစ်ကြောင်းကို၊ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ ပြောဆိုမှု အရ ကြည့်ရင်၊ ဒါဟာ နိုင်ငံရေး ပါတီ အားလုံး ကို သတိပေးတဲ့ စကား လို့ ဆိုနိုင်ပါတယ်။

အဖွဲ့ချုပ် အနေနဲ့ စိမ်ခေါ်မှု နဲ့ အစမ်းသပ်ခံ ကာလ ကို ဖြတ်သန်းဖို့ အဆင်သင့် ဖြစ်နေပြီး၊ နိုင်ငံ့ အကျိုးအတွက်ဆိုရင် အခက်အခဲတွေ ကို ရင်ဆိုင်ဖို့ အသင့်ရှိနေပြီ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကား ကတော့ ပြည်သူလူထု ကို ရည်ရွယ်ပြီး၊ ပြောတာ လို့ အဓိပ္ပါယ် ကောက်နိုင်ပုံ ကို ဘီဘီစီ မြန်မာဌာနမှူး ဒေါ်တင်ထားဆွေ က သုံးသပ် တင်ပြ သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။