BBC navigation

လက်ပံတောင်းကိစ္စ သမ္မတကို တရားစွဲ

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 21:48 GMT
monywa

ဖြိုခွဲမှုကြောင့် သံဃာတော်နဲ့ အရပ်သားတွေ အနာတရ ဖြစ်ရ

မုံရွာတဘက်ကမ်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို သပိတ်မှောက်တဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို တန်ဆောင်မုန်း လပြည့်ညက အကြမ်းဖက် ဖြိုခွဲတဲ့ ကိစ္စရဲ့ အဓိက တရားခံ အဖြစ် သမ္မတ ဦးသိန်းစိန်ကို ဆည်တည်း (ဆယ်တဲ) ရွာသူ မဝင်းဝင်းဌေးက တရားလိုလုပ် တရားစွဲဆို လိုက်ပါတယ်။

မရီရီဝင်း၊ မိုးကြိုးပြင်ရွာက ကိုဇော်လှိုင်နဲ့ မဝင်းဝင်းဌေးတို့ ၃ ယောက် ဆားလင်းကြီး မြို့နယ် တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပြီး မတ်လ ၁၁ ရက် တနင်္လာ နေ့ကျမှ ရုံးက အကြောင်းပြန်မယ်လို့ သိရပါတယ်။

တရားစွဲရခြင်း ရည်ရွယ်ချက်က ၃ လ ကြာသည်အထိ တရားခံ တွေကို စုံစမ်း အရေးယူတာတွေ မရှိသေးတဲ့ အတွက် နောင်မှာ အကြမ်းဖက်မှုတွေ ထပ်ပြီး ပေါ်ပေါက်မှာ စိုးလို့ ဖြစ်တယ်လို့ မဝင်းဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။

သူကိုယ်တိုင်လဲ နိုဝင်ဘာ ၂၉ ရက် သပိတ်စခန်း ဖြိုခွဲချိန်က ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အခင်း ဖြစ်ပွားချိန်က ရှိနေကြတဲ့ ရွာသူရွာသားတွေက သက်သေလိုက်ကြမယ်လို့လဲ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။