BBC navigation

ဘင်္ဂလားရောက် မြန်မာတွေ စိုးရိမ်နေ

နောက်ဆုံး ရေးသားချိန် 3 မတ်လ 2013 - 15:47 GMT

ကြာသပတေးနေ့က စတင်ခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ နိုင်ငံ တလွှား ပျံ့နှံ့

ဘင်္ဂလားဒေ့ရှ်မှာ ဆူပူ အကြမ်းဖက် မူတွေ ပေါ်ပေါက် နေတဲ့ အတွက် ဘင်္ဂလားဒေရှ်ကို ရောက်ရှိ နေကြတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ စားဝတ် နေရေးနဲ့ လုံခြုံရေး အတွက်ပါ အထူး စိုးရိမ် နေရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး UNHCR ရုံးက မြို့ပေါ် ဒုက္ခသည်တွေ အဖြစ် အသိ အမှတ်ပြု ထားတဲ့ ရခိုင်၊ မြန်မာ၊ ချင်းစတဲ့ ဒုက္ခသည် ၃၀ဝ နီးပါးကို UNHCR ကနေ လုံခြုံရေး တာဝန် မယူတဲ့ အတွက် လုံခြုံရေးကို စိုးရိမ်နေရတယ်လို့ အေဘီအက်စ် ဒီအက်ဖ် ရခိုင် ကျောင်းသား ဥက္ကဌ ဟောင်း ကိုခိုင်ဆန်းအောင် က ပြောပါတယ်။

သူတို့ကို မြို့ပေါ်မှာ လွတ်လပ်စွာ နေထိုင်ခွင့် ပြုထား ပေမယ့်လည်း စာဝတ် နေရေး အတွက် အကိုယ့် ဘာသာ ရုန်းကန် နေရတာ ဖြစ်လို့ အခုလို လုံခြုံရေး အရ စိုးရိမ် နေရတဲ့ အချိန်မှာ အခက် အခဲတွေ များလာ နေတယ်လို့ ဦးခိုင်အောင်က ပြောပါတယ်။

ဒီဒုက္ခသည် တွေဟာ မြန်မာပြည် ပြန်မယ် ဆိုရင်လည်း UNHCR အစောင့် အရှောက်နဲ့ ရှိနေတဲ့ အတွက် မြန်မာ အစိုးရနဲ့ UNHCR အကြား သဘော တူညီမူ ရမှ ပြန်နိုင် ကြမှာ ဖြစ်သလို၊ တတိယ နိုင်ငံ တစ်ခုခုမှာ အခြေ ချခွင့် ကျပြန် တော့လည်း ဘင်္ဂလား အစိုးရက ပိတ်ပင် ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။