BBC navigation

အသိမ်းခံမြေတွေ ပြန်ပေးရေး လွှတ်တော်မှာတင်

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 18:54 GMT

သိမ်းယူထားပြီး အသုံး မပြုရ သေးတဲ့ မြေတွေကို မူလ ပိုင်ရှင်တွေ ပြန်ရ နိုင်

၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်တပ်နဲ့ အစိုးရ ပိုင်းကနေ သိမ်းယူခဲ့ပြီး အသုံး မပြုတဲ့ မြေတွေကို မူလ ပိုင်ရှင်တွေထံ ပြန်ပေးရေး အစီရင်ခံစာ တစ်စောင်ကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြား မြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်ကနေ အခုလို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပြောပြချက် အရဆိုရင် အသုံး မပြုရ သေးတဲ့ မြေတွေကို မူလ ပိုင်ရှင်တွေ ပြန်ရ နိုင်တယ်လို့ ပြောပါတယ်။

ကော်မရှင်မှာ အဖွဲ့ဝင် ၆ဝ ကျော် ရှိပြီး တိုင်းကြားမှု အလိုက် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ အဖွဲ့ခွဲပြီး စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကတော့ စစ်တပ်က သိမ်းယူထားတဲ့ အပိုင်းကိုပဲ တင်တာ ဖြစ်ပြီး၊ နောက်ရက်တွေ မှာတော့ အစိုးရနဲ့ ကုမ္ပဏီ တွေက သိမ်းထားတဲ့ အပိုင်း တင်သွင်းမှာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်းက ပြောပါ တယ်။

နောက်ပိုင်းမှာတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ယူပြီး အစိုးရက အကောင် အထည်ဖေါ်ဖို့ တိုက်တွန်း သွားမယ်လို့ ဦးအောင်သိန်းလင်းက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။