BBC navigation

မြန်မာ အမေရိကန် စာချွန်လွှာ လက်မှတ်ထိုး

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 01:20 GMT
_burma_us_

မြန်မာ UMFCCI ဥက္ကဋ္ဌနဲ့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေး အသင်း အာရှ ဒုဥက္ကဋ္ဌ

မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံရေး ကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် အမေရိကန် ကုန်သွယ် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နဲ့ မြန်မာ ကုန်သည်များ နှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး လိုက်ကြပါတယ်။

ဒီစာချွန်လွှာမှာ နှစ်နိုင်ငံ စီးပွားရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမို ဖွံ့ဖြိုး တိုးတက်အောင် UMFCCI နဲ့ US Chamber of Commerce တို့ အကောင်အထည် ဖော်ရာမှာ ပွင့်လင်း မြင်သာမှု ရှိရေး၊ အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ရေး စတာတွေ ပါကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဘီဘီစီ ကို ပြောပါတယ်။

အမေရိကန်ဘက် က မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ကျန်တာတွေ အားလုံး ဖယ်ရှားပေးရေးလဲ မျှော်မှန်းတဲ့ အတွက် ဖြစ်လာနိုင်ကြောင်း ဦးဝင်းအောင်က ပြောပါတယ်။

တခါ အမေရိကန် မှာ မြန်မာစျေးကွက် ရှာရေး၊ မြန်မာစျေးကွက် ထိုးဖောက်ရေး စတာတွေမှာ အမေရိကန်ရဲ့ သတ်မှတ် လုပ်ထုံး လုပ်နည်းတွေ၊ လိုလားတဲ့ ပစ္စည်း အမျိုးအစား အဆင့်မီ ထုတ်လုပ်နိုင်ရေး နဲ့ ပတ်သက်လို့ မြန်မာ ကုန်သည်တွေ သတိပြုဖို့ မှာကြားမယ့် အကြောင်းလဲ ပြောပါတယ်။

အမေရိကန် အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ နဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတွေ အပေါ် အထူးအခွင့်ပြုတဲ့ SPT Special Preference Tariff တွေ တိုးချဲ့ဖို့ အဆိုပြု တယ်လို့ ဦးဝင်းအောင်က ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။