BBC navigation

နော်ဝေမှာ ဦးသိန်းစိန် ဘာတွေ ဆွေးနွေး မလဲ

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 15:47 GMT
President U Thein Sein leaves for Europe

သမ္မတ ဦးသိန်းစိန် ဥရောပ ကို ထွက်ခွာ သွား ရာမှာ လိုက်ပါ ပို့ဆောင်ကြ သူများ

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ပထမဆုံး အကြိမ် ဥရာပ ငါးနိုင်ငံ ခရီးစဉ် အတွက် တနင်္လာနေ့ မနက်က မြန်မာ နိုင်ငံ ကနေ ထွက်ခွာ သွားခဲ့ပါပြီ။

အင်္ဂါနေ့ မနက်မှာ နော်ဝေ နိုင်ငံကို ရောက်လာမှာ ဖြစ်ပြီး နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးနဲ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။

နော်ဝေ နိုင်ငံခရီးစဉ် အတွင်း မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု လုပ်နေတဲ့ အခြေ အနေနဲ့ တိုင်းရင်းသား အရေး အပါအဝင် ကိစ္စရပ် တချို့ အပြင် စွမ်းအင် ဆိုင်ရာ ကိစ္စ တွေမှာ နော်ဝေ ကုမ္ပဏီတွေ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံ နိုင်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ နော်ဝေ နိုင်ငံခြားရေး ဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ လာဆန် တော်ရဂေး Mr Larsen Torgeir က ပြောပါတယ်။

မြန်မာ နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်က စပြီး အားရ စရာ ကောင်းတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နေတာ တွေ့ရတယ်၊ အစိုးရ ကလည်း ပြုပြင် ပြောင်းလဲ လိုစိတ် ထက်သန်တာ တွေ့ရတယ်၊ နော်ဝေ အနေနဲ့ကလည်း ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်း နေတယ်လို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နော်ဝေ အစိုးရ အနေနဲ့ တိုက်ရိုက် ပါဝင် တာ မရှိပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံ အားပေး တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။