BBC navigation

မြန်မာ့စပါး စျေးကောင်း ရနိုင်ကြောင်း ကြေညာ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 15:51 GMT

ဆန် အဝယ် သင်္ဘော ၆ စီး ဟာ ဧည့်မထ အမျိုး အစား ဆန် တန်ချိန် တစ်သိန်း ကျော် ဝယ် ဖို့ ပြင်နေ

မြန်မာနိုင်ငံရဲ့ စပါးဈေး ဟာ လက်ရှိ ဈေးထက် ပိုပြီး ဈေးကောင်း ရနိုင်တဲ့ အခြေ အနေ ရှိနေတဲ့ အတွက် နွေစပါးကို ဈေးနှိမ်ပြီး ကြိုတင် ရောင်း တာတွေ မလုပ်ဖို့ လယ်သမား အသင်းက နှိုးဆော် လိုက်ပါတယ်။

ရန်ကုန် ဆိပ်ကမ်းကို ရောက်နေတဲ့ ပြည်ပက ဆန် အဝယ် သင်္ဘော ၆ စီး ဟာ ဧည့်မထ အမျိုး အစား ဆန် တန်ချိန် တစ်သိန်း ကျော် ဝယ် ဖို့ ပြင်နေတာ ဖြစ်လို့ စပါး ဈေးကောင်း နိုင်တယ်လို့ လယ်သမား အသင်းက ပြောကြားတာ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောတွေ ဟာ ဆန်တင်ဖို့ အတွက် ဆန်ပြတ် နေတယ်လို့ သတင်းတွေ ကြားနေ ရပြီး၊ ဒီအချိန် ဟာ တောင်သူတွေ စပါး ပေါ်တဲ့ အချိန် ဖြစ်ကာ ကြိုရောင်း တတ်တဲ့ အချိန်လည်း ဖြစ်နေလို့ အခုလို သတိပေး ရတာ ဖြစ်ကြောင်း လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ခရမ်း ဘက်က လယ်သမား တွေကတော့ သူတို့ နွေစပါး တွေဟာ အများစုက ကြိုရောင်း ထားပြီး နေပြီလို့ ပြောပါတယ်။

မြန်မာ လယ် သမား တွေဟာ စားဝတ် နေရေး ပြဿနာ ကြောင့် စပါး ကို ကြိုပွင့် သဘောမျိုးနဲ့ မရိတ်ခင် ကြိုရောင်း ထား ကြတာ ဖြစ်ပြီး၊ တကယ်တမ်း စပါး ဈေးကောင်းတဲ့ အခါ ကုန်သည် တွေကပဲ အမြတ် ရသွား တာများ ပါတယ်။

လယ်သမား အသင်း ကတော့ ကုန်သည်တွေ အနေနဲ့ သူများ ခြယ်လှယ်တာ မခံ ရအောင် အခု လို နှိုးဆော်တာ ဖြစ်တယ်လို့ လည်း ပြော ပါတယ်။

ဒီနှစ် မြန်မာ နိုင်ငံက လယ်သမား တွေဟာ နွေစပါး အထွက် ကောင်းပြီး၊ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်း လောက် ပြည်ပ ကို တင်ပို့ ထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။