BBC navigation

မြန်မာဘဏ်ကြီး လေးခု အမေရိကန် ပိတ်ဆို့မှု ဖွင့်ပေး

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 01:20 GMT

အိုဘားမား ပုံနဲ့ မြန်မာ အမျိုးသမီးကြီး တဦး

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို အသိအမှတ်ပြု တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံက ဘဏ်ကြီး လေးခုကို ပိတ်ဆို့ အရေးယူထားမှု အပေါ် မနေ့က သောကြာနေ့တုန်းက ဖြေလျော့ ပေးလိုက် ပါပြီ။

မြန်မာ့ စီးပွားရေးဘဏ် ၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်ဝယ်ရေး ဘဏ် ၊ အာရှ စိမ်းလန်း ဖွံ့ဖြိုးရေး ဘဏ်နဲ့ ဧရာဝတီ ဘဏ် တို့ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အထွေထွေ လိုင်စင် ပြန်ထုတ် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကန့်သတ် ထိန်းချုပ်မှုတွေ ဖယ်ရှားပြီး ဘဏ်လုပ်ငန်း လိုင်စင် ပေးလိုက်တဲ့ အတွက် အမေရိကန် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေက မြန်မာ ဘဏ်တွေနဲ့ ဆက်ဆံ လုပ်ကိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ဘဏ်လေးခု အနက် ပုဂ္ဂလိက ဘဏ် နှစ်ခုထဲက အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်က ဦးတေဇ ပိုင်ဆိုင်တာ ဖြစ်ပြီး ဧရာဝတီ ဘဏ်က ဦးဇော်ဇော် ပိုင်ဆိုင်တာမို့ အခုလို ဖွင့်ပေးလိုက်တာဟာ သိတ်စောလွန်းသေးတယ်လို့ နိုင်ငံရေး အကဲခပ်သူ တချို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။