BBC navigation

ပျောက်ဆုံး မြန်မာသင်္ဘောသားတွေကို ဆက်ရှာဖွေ

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 11:33 GMT

သင်္ဘောမြုပ် သွားပြီးနောက် မြန်မာ သင်္ဘောသား ၁၀ ဦးဟာ သုံးစု ကွဲသွားတာ ဖြစ်ပါတယ်

ဖိလစ်ပိုင် အနောက်မြောက်ဘက် ကမ်းလွန် ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ကုန်တင် သင်္ဘောက ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘော သား ၁၄ ဦးကို ဖိလစ်ပိုင် အာဏာပိုင် တွေက ဆက်လက် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ရေတပ် သင်္ဘောတွေ ကနေ သင်္ဘော နစ်မြုပ် ရာ နေရာမှာ ဒီကနေ နောက်ဆုံး ထား ရှာဖွေမှာ ဖြစ်ပြီး၊ ကမ်းခြေစောင့် တပ်တွေ ကလည်း စောင့်ကြည့် နေ ကြပါတယ်။ ပင်လယ်ပြင် ငါးဖမ်း သမားတွေ အနေနဲ့ တစုံတရာ တွေ့ရှိရင် အကြောင်းကြားဖို့ ကြေညာ ထားတယ် လို့လည်း သိရ ပါတယ်။

ကယ်တင်နိုင် ခဲ့တဲ့ အသက်ရှင် ကျန်ရစ်သူ သင်္ဘောသား ၉ ဦး ကတော့ အင်္ဂါနေ့ ညနေ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့ ကျရင် မနီလာကို ရောက်ရှိမှာ ဖြစ်ပြီး၊ အဲဒီ ကနေ တဆင့် မြန်မာ နိုင်ငံကို ပြန်ပို့ဖို့ စီစဉ် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။

ကုန်တင် သင်္ဘော နစ်မြုပ် သွားတဲ့ နောက် မြန်မာ သင်္ဘောသား ၁၀ ဦးဟာ သုံးစု ကွဲသွားတာ ဖြစ်တယ်လို့ အသက် မသေဘဲ လွတ်မြောက် လာတဲ့ ကိုအောင်ကျော်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ဖေါင်ပေါ်မှာ ၆ ယောက်၊ အသက်ကယ် ဘောမှာ ၃ ယောက်နဲ့ နောက်ဆုံး သေဆုံး သွားခဲ့တဲ့ တယောက် ကတော့ တဦးတည်း အသက်ကယ် ဘောနဲ့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ သေဆုံး သွားသူဟာ ငါးမန်း ကိုက်လို့ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အဲဒီ တညလုံး မျော်နေ ကြပြီး၊ နောက်နေ့ မှာတော့ ဟောင်ကောင် အလံတင် ထားတဲ့ တရုတ် သင်္ဘော ကနေ သူတို့ကို ကယ်တယ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။