BBC navigation

မစ္စတာ ကင်တားနား သတင်းစာ ရှင်းလင်းပွဲ

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 17:57 GMT

စီတန်း လှည့်လည်ခွင့်နဲ့ စစ်တပ် ကနေ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ ဥပေဒတွေကို ပြင်သင့်တယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ပြန်လည် မထွက်ခွာခင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြင်ဆင် သင့်တဲ့ အချက်တွေ ကို အဓိက ပြောကြားသွား ပါတယ်။

အခြေခံ ဥပဒေမှာ ပါတဲ့ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ အချက်တွေနဲ့ လောလော ဆယ် စစ်တပ် ကနေ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ယူထား တာ အပြင်၊ တခြား လူ့အခွင့် အရေးနဲ့ မကိုက်ညီတဲ့ ဥပေဒ တွေကို ပြင်ဆင် သင့်တယ်လို့ မစ္စတာ ကင်တားနားက ပြောကြား သွားတာ ဖြစ်ပါတယ်။

အခုလို သူ့ရဲ့ ထောက်ပြ ဆွေးနွေး ချက်တွေနဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကနေ အပြုသဘော တုံ့ပြန်မှု ရခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် အသေးစိတ် ကိုတော့ ထုတ်ဖေါ် ပြောကြား ခဲ့ခြင်း မရှိပါ။

သူဟာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ သလို လွှတ်တော်တွေ ကိုလည်း သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်မှာ ရပ်ဖိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ သလို ကချင်ပြည်ကို သွား ရောက်ပြီး အဲဒီက စစ်ပြေး ဒုက္ခသည်တွေ နဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

ရခိုင်ဒေသနဲ့ ဆက်စပ်ပြီးတော့လည်း ၁၉၈၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပေဒေကို ပြင်သင့်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကချင်ပြည်နယ် မှာတော့ အဓမ္မ စစ်သား သုံးတာ မျိုးကို နှစ်ဘက် စလုံးက လုပ်နေ တာတွေ ရှိပြီး၊ လက်နက်ကိုင် တွေနဲ့ ပတ်သက် နေတယ် ဆိုကာ အစိုးရ စစ်တပ် ကနေ ဒေသခံတွေကို ထင်သလို ဖမ်းဆီး နှိပ်စက်တောတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

အကျဉ်းထောင်တွေ ထဲမှာလည်း လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ရှိနေကြောင်း စသည်ဖြင့် သူက ကျယ်ကျယ် ပြန့်ပြန့် ပြောကြားသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။