BBC navigation

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိဆဲ

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 23:57 GMT
quintana

ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်နေတာမှာ တိုးတက် မှုတွေတွေ့နေရ ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်ဖြစ်နေသေးတယ်လို့ ကုလသမဂ္ဂကပြော ကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ကချင် ပြည်နယ်ဘက်မှာ စစ်တပ်က ထင်သလို ဖမ်းဆီး နှိပ်စက် နေတာမျိုးတွေ လုပ်နေသေးကြောင်းလည်း ပြောပါတယ်။

တခါ နိုင်ငံ အနောက်ခြမ်းက ရခိုင် ပြည်နယ် ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် ပြေးလာရတဲ့ ဒုက္ခသည် ၁သိန်း ၂သောင်း လောက် ရှိနေကြတဲ့ ဒုက္ခသည် စခန်း တွေထဲမှာလည်း အခြေအနေတွေက တော်တော် ဆိုးဝါး နေတယ်လို့ ဆိုပါတယ်။

သူက မွတ်စလင်တွေ နေတဲ့ ဒုက္ခသည် စခန်းတွေ ထဲမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ သိပ်မရတဲ့ အကြောင်းလည်း ပြောသွား ခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ ကင်တားနားက နိုင်ငံရေး ပြုပြုင်ပြောင်းလဲမှုတွေကိုဆက်လက် ဖော်ဆောင် နေတာနဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးတဲ့ ကိစ္စတွေကို ကြိုဆို လိုက်ပြီး အစိုးရကို ဒီလိုတိုက်ခိုက် နေကြတာ တွေကို အမြန်အဆုံး သတ်နိုင်ဖို့ ပိုမိုကြိုပမ်း ဖို့ကိုလည်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။