BBC navigation

အီးယူ နဲ့ ၈၈ ခေါင်းဆောင်တွေ ၂၀၁၅ ရွေးကောက်ပွဲအရေး ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 00:57 GMT

ဥရောပသမဂ္ဂရဲ့ မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ ထောက်ပံ့ကူညီဆောင်ရွက်ရေး အဖွဲ့က ရွေးကောက်ပွဲဆိုင်ရာ အကြံပေးနဲ့ ကျွမ်းကျင်သူများဖြစ်ကြတဲ့ Vic Butler ဗစ်ဘတ်တလာနဲ့ Xavier Nox ဆာဗီးယား နော့ခ်စ် တို့ဟာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုဌေးကြွယ်၊ ကိုကိုကြီးတို့နဲ့ သောကြာနေ့က လာရောက် တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက အတွေ့အကြုံ တွေ၊ နိုင်ငံတကာက ဘယ်လို ပံ့ပိုးကူညီ နိုင်မလဲ စတာတွေနဲ့ မဲဆန္ဒရှင်စာရင်း မှန်ကန်စွာပြုစုရေး ပွင့်လင်းမြင်သာမှုရှိရေးအပါအဝင် အချက်အလက် တော်တော်များများကို ဆွေးနွေးခဲ့တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

သူတို့အနေနဲ့၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ နဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ပြောပြ ဆွေးနွေးခဲ့ရာမှာ ၂၀၁၀ ရွေးကောက်ပွဲက မဲဆန္ဒရှင်စာရင်း၊ မဲရေတွက်မှု မဲရုံဖြန့်ကျက်မှု စတာတွေက ချို့ ယွင်းချက်တွေကို ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားနေအဖွဲ့အစည်း ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထည်သွင်းဆွေးနွေးခဲ့တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။