BBC navigation

ဦးပိုင်လီမိတက်ကို လယ်သမားတွေ တရားစွဲ

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 01:43 GMT

မြန်မာလယ်သမားတဦး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် ကံကုန်းကျေးရွာက လယ်သမား၄၇ ဦးကနေ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို သူတို့ရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့ က မုံရွာခရိုင် တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ဒေသခံတွေနဲ့ မကျေမလည်ဖြစ်နေတဲ့အချိန်မှာ ဦးပိုင်လီမိတက်ကို အခုလို တရားစွဲတာလည်းဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ရှိ မိုးကြိုးဆာဖြူရစ် အက်စစ် စက်ရုံက စက်ရုံနဲ့ အလုပ်သမားအိမ်ယာဆောက်လုပ်ဖို့ လယ်မြေ ဧက ၁၄၀ ကျော် ဂရန်လျှောက်ထားရယူခဲ့တဲ့အတွက် လယ်သမားတွေက စက်ရုံမှုးနဲ့ လက်ထောက်စက်ရုံမှုးကို တရားစွဲဆိုခဲ့တာလို့ လယယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေတဲ့အပေါ် ဦးပိုင်ကုမ္ပဏီဘက်က တားဆီးမှုတွေ လုပ်လာခဲ့လို့ သီးခြားသက်သာခွင့် ဥပဒေအရ မူလလက်ငုတ်အတိုင်း စိုက်ပျိုးခွင့်ရထိုက်ကြောင်း ကြေညာပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တဲ့ တရားမမှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပေမယ့် စီမံကိန်းနဲ့ မသက်ဆိုင်တဲ့ သီခြားဖြစ်ရပ်လို့ ပြောပါတယ်။

ကြားနာမှုကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ စတင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။