BBC navigation

မောင်တောက ပုဒ်မ ၁၄၄ သက်တမ်းတိုး

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 15:45 GMT

မောင်တောမှာ အခြေ အနေတွေ တည်ငြိမ်မှု မရှိ သေးတဲ့ အတွက် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုး

ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ အခြေ အနေတွေ တည်ငြိမ်မှု မရှိ သေးတဲ့ အတွက် ပုဒ်မ ၁၄၄ ည မထွက်ရ အမိန့်ကို သက်တမ်း ၂ လ ထပ် တိုးလိုက် ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းကလည်း မောင်တော မြို့နယ် ငါးခူရ ကျေးရွာမှာ ဓါးပြ တိုက်မှု ဖြစ်ခဲ့တဲ့ အတွက် လူတဦး သေဆုံးပြီး၊ အမျိုး သမီးကြီး တဦး အိမ်မှာ လည်း ကလေး ၄ ယောက် အသတ် ခံရတာ ရှိခဲ့ပါတယ်။

ဒီလို အခြေ အနေတွေနဲ့ မတည် မငြိမ် ဖြစ်နေတာ ကြောင့် မောင်တော မြို့နယ်မှာ ည ၁ဝ နာရီ ကနေ မနက် ၅ နာရီ အထိ ည မထွက်ရ အမိန့် ကို ၂ လ သက်တမ်း တိုး လိုက်တာ ဖြစ်တယ်လို့ အာဏာပိုင် တွေက ပြောတဲ့ အကြောင်း မောင်တော ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မောင်တော မြို့နယ် မြောက်ဘက် အစွန် အဖျား ရွာတွေမှာ မကြာ ခဏ ဆိုသလို ဓါးပြ တိုက်တာမျိုး၊ ပစ်သတ်တာ မျိုးတွေ ဖြစ်ပွား နေပါတယ်။

ဘယ်သူ တွေက အခုလို ကျူးလွန် နေကြတယ် ဆိုတာ ကိုတော့ အာဏာပိုင်တွေ ဖေါ်ထုတ် နိုင်တာ အလွန် နည်းတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။