BBC navigation

The Voice ဂျာနယ် ဖေ့စ်ဘုတ် အဖေါက်ခံရ

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 23:07 GMT
1_voice

The Voice ဂျာနယ် ဖေ့စ်ဘုတ် အဖေါက်ခံရ

အစိုးရ သတင်းတွေ ကို အချိန်မဆိုင်း ထုတ်ပြန်ပေးတဲ့ သမ္မတရုံး ဝက်ဘ်ဆိုက် တိုက်ခိုက်ခံ ရတယ်လို့ သမ္မတရုံး ညွှန်ကြား ရေးမှူး ရဲ့ ဖေ့စ်ဘုတ် ကနေ သတင်း ထုတ်ပြန်ခဲ့သလို ပြည်တွင်းက နာမည်ကြီး သတင်း ဂျာနယ် ဖြစ်တဲ့ The Voice ဂျာနယ် ရဲ့ ဖေ့စ်ဘုတ် လည်း အဖေါက် ခံရပါတယ်။

အခုလိုဖြစ်တာ ကို ပြီးခဲ့တဲ့ တနင်္လာနေ့ က သတိထားမိ ပေမယ့် ဟက်ခ် လုပ်သူရဲ့ လက်ထဲ လုံးဝ ရောက်သွားတဲ့ အကြောင်း၊ ဖေ့စ်ဘုတ် အကောင့် အသစ် ဖွင့်လိုက် ပေမယ့် ပို့စ် အသစ် မတင်သေးပုံ၊ ဖေ့စ်ဘုတ် မှ အကြောင်း ပြန်မှာ ကို စောင့် နေသေးတဲ့ အကြောင်း The Voice ဂျာနယ် အယ်ဒီတာချုပ် လည်းဖြစ်၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဟက်ခ် လုပ်သူ ဝင်လာတဲ့ လမ်းကြောင်းက အင်ဒိုနီးရှား နဲ့ တရုတ် ဖက်က ဖြစ်နေပုံ၊ အွန်လိုင်းပေါ်ကနေ နက်ဝေါ့က် ချိတ် ဝင်လာတဲ့ အတွက် ဘယ်ကနေ တိုက်ခိုက် တာဆိုတာ ပြောရခက်ပုံ ကို ဦးကျော်မင်းဆွေ က ရှင်းပြပါတယ်။ ယေဘုယျ ကောက်ယူ လို့ ရသရွေ့တော့ လက်ရှိ ရေးသားချက် အရ ဆိုရင် တပ်မတော် ဘက် က လိုလို၊ အစိုးရ ဘက် က လိုလို၊ အွန်လိုင်း ပေါ် လုပ်တဲ့ ကိစ္စ မို့ ပြောရ ခက်တဲ့ အကြောင်း ရှင်းပြပါတယ်။

ဒါပေမယ့် သမ္မတရုံး ဝက်ဘ်ဆိုက်ရော Eleven media group ဝက်ဘ်ဆိုက် ပါ အတိုက်ခိုက် ခံရတဲ့ အတွက် သတင်းမီဒီယာ ကို မလိုလားသူ၊ သူတို့လုပ်သမျှ မီဒီယာ ကြောင့် ပေါ်ကုန်လို့ နားလည်မှု ပိုလွဲသွားရာ က အပြောင်း အလဲ ကို မကြိုက်တဲ့ ခေတ်နောက်ပြန်ဆွဲသူ တွေ ရဲ့ လက်ချက်လို့ ခန့်မှန်းနိုင်ပုံ ပြောပြပါတယ်။

ကာကွယ်ရမယ် ဆိုရင်လည်း ဆက်သွယ်ရေး ဥပဒေထဲမှာ ဆိုက်ဘာ ရာဇဝတ်မှု၊ ဝက်ဘ်ဆိုက် အွန်လိုင်း ကနေ ရာဇဝတ်မှု ကျူးလွန်သူတွေ ကို အရေးယူနိုင်တဲ့ ပုဒ်မ ရှိပေမယ့် မြန်မာနိုင်ငံ မှာတော့ ဆိုက်ဘာ လုံခြုံရေးရဲ၊ စောင့်ကြည့် အဖွဲ့ ဆိုတာတွေ မရှိသေးလို့ ဥပဒေ အရ နိုင်ငံသားတွေ ကို ကာကွယ်ဖို့ လိုကြောင်း ဦးကျော်မင်းဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။