BBC navigation

ဟယ်ရီလင်း ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 21:40 GMT
harry_lin

ရော့ခ်ကလွဲရင် ဘာမှမဆိုချင်သူ ဟယ်ရီလင်း

၁၉၉ဝ ခုနှစ် နောက်ပိုင်း တွေမှာ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ နာမည်ကြီး ရော့ခ်ဂီတ အဆိုတော် ဟယ်ရီလင်း အသက် ၅၂ နှစ်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

တချိန်က လူငယ်တွေ ခုလူလတ်ပိုင်း ရောက်နေတဲ့ သူတွေ အတော်များများရဲ့ ပါးစပ်ဖျားမှာ မဆိုဖူးသူ မရှိလောက်အောင် နာမည်ကျော်ခဲ့တဲ့ အားလုံး ပြန်ယူသွားပါ အပါအဝင် လိပ်ပြာ အဆိပ်ငွေကြေး အချစ်နဲ့ပေါင်မုန့် စတဲ့ သီချင်းတွေကို သီဆိုတဲ့ ရောခ့်အဆိုတော် ဟယ်ရီလင်းဟာ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီ မှာ သူချစ်တဲ့ ပရိသတ်ကြီးကို ထာဝရ ခွဲခွာသွားပြီ ဖြစ်ပါတယ်။

သူရဲ့ အောင်မြင်တဲ့ သီချင်းတချို့ကို ရေးခဲ့တဲ့ တေးရေးဆရာ ၀င်းမင်းထွေး ကတော့ ဟန်ဆောင် လောကကြီး ထဲကနေ ရိုးသားပွင့်လင်းတဲ့ ရော့ခ်ဂီတ သီးသန့် အဆိုတော် တယောက် ထွက်သွားတဲ့အတွက် အစားထိုးမရတဲ့ ကွပ်လပ်တခုလို့ သုံးသပ်ပါတယ်။

ဟယ်ရီလင်းရဲ့ သီချင်းတွေဟာ ဒီဘက်ခေတ်မှာ ရင်ဂိုနဲ့ သျှီတို့လို ရော့ခ်အဆိုတော် တွေ ပြန်ဆိုတဲ့ အခါမှာလဲ ရော့ခ်ဂီတ မြတ်နိုးသူတွေကြားမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။

ဂီတ အမျိုးအစားသစ်တွေ ပေါ်လာပေမယ့် သူဟာ ရော့ခ်ဂီတမှာပဲ ရပ်နေတော့ မယ်၊ ရော့ခ်ကလွဲရင် ဘာမှ မဆိုချင်ဘူးလို့ ပြောဖူးကြောင်း အဆိုတော် သျှီက အမှတ်တရ စကားပြောကြားပါတယ်။

ဟယ်ရီလင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကထဲက အသည်းနဲ့ နှလုံးရောဂါ တွေကြောင့် နာမကျန်း ဖြစ်ခဲ့ပေမယ့် လာမယ့် မတ်လမှာ မန္တလေးသား အဆိုတော်တွေ သီးသန့်ဆိုမယ့်ဂီတပွဲမှာ ဝင်နွှဲဖို့ အားခဲထားခဲ့ပါတယ်။

ဂီတ လောကသားတွေက ကိုဃကြီး လို့ခေါ်ခဲ့ကြတဲ့ ဟယ်ရီလင်း ကွယ်လွန်ချိန်မှာ သားတယောက် သမီးတယောက်ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၅ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ် လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။